ရာထူးဂုဏ်အင်တို့ စွန့်လွှတ်ခြင်း

1.4K 176 0
                                    

(Unicode)

အပိုင်း - ၃၁

ပျော်ပွဲရွှင်ပွဲပြီးသည့်နောက်ပိုင်းတွင် ဂျောင်ကုတစ်ယောက် ပြုလုပ်ရသည့်အလုပ်တွေကပိုများလို့လာသည် ။ ထို့ကြောင့် ၎င်းနေ့ရက်တို့တွင် ထယ်ယောင်းကို အဖော်ပြုပေးဖို့ရန်မအားလပ်ဘဲ နန်းတော်၌သာအချိန်ကုန်နေလေ့ရှိသည် ။ ဂျောင်ကု မည်သည့်အရာကို အားကြိုးမာန်တက်ပြုလုပ်နေသည်ကို ထယ်ယောင်း မသိသော်ငြား အရေးကြီးသည့်အရာဖြစ်မည်ဟုသာ ထင်မိသည် ။

တကယ်လည်း ဂျောင်ကုပြုလုပ်နေသည့်အရာသည် ဘဝနှင့်ယှဉ်၍အရေးကြီးသည့်အရာပင်ဖြစ်သည် ။

“ ညီတော်...တကယ်ပဲ ဒီလိုလုပ်တော့မှာလား ? ”

အစ်ကိုတော်ဖြစ်သူ၏စကားကြောင့် ဂျောင်ကု ခပ်ထေ့ထေ့ပြုံးသည် ။

“ ညီတော်က ပြောပြီးသားစကားကိုဘယ်တော့မှ ပြန်ပြီးရုတ်သိမ်း‌လေ့မရှိတာ အစ်ကိုတော်သိပါတယ် ”

“ ဒါကတော့ဒါပေါ့ ညီတော်ရယ်...ဒီကိစ္စကို ဖခမည်းတော်ကော သိပြီးပြီလား ? ”

“ ခမည်းတော်ကို မကြာခင်ပြောမှာပါ...လောလောဆယ်တော့ ညီတော် ပေးတာကိုလက်ခံပါ ”

ညီတော်ဖက်မှ ဟွာရန်းတပ်အုပ်ချုပ်ခွင့်တံဆိပ်ပြားကို ပေးအပ်လာသည်ဖြစ်သောကြောင့် မြို့စားမင်းမှာ အမှန်တကယ်ပင် အခက်တွေ့ရသည် ။ မည်မျှပင် ညီတော်အရင်းဖြစ်နေပါစေ ဤသို့အရေးကြီးလွန်းသည့်အရာကို ပေးလာတော့ ယူရသည်မှာလက်တွန့်လှသည် ။ ငြင်းမည်ပြုလျှင်လည်း ခေါင်းမာလှသည့် ညီတော်က တစ်နည်းမဟုတ်တစ်နည်းနှင့် ရအောင်ပေးမည်ပင် ။ ထို့ကြောင့် အမြဲမဟုတ်လျှင်တောင် ခေတ္တထိန်းသိမ်းထားပေးသည့်သဘောနှင့်သာ ထိုတံဆိပ်ပြားကိုလက်ခံထားလိုက်သည်။

“ ကောင်းပြီညီတော်...အစ်ကိုတော်အခုတော့လက်ခံထားလိုက်ပါ့မယ် ”

“ ကျေးဇူးပါ...အစ်ကိုတော် ဒါဆိုရင် ကျွန်တော် ခမည်းတော်ကိုသွားတွေ့လိုက်ပါဦးမယ် ”

“ ဟုတ်ပါပြီ ”

ဂျောင်ကုလည်း အစ်ကိုတော်ဆီ ဟွာရန်းတပ်အုပ်ချုပ်ခွင့်တံဆိပ်ပြားကိုပေးအပ်ပြီးနောက်တွင် ဂျာဟီကိုစီး၍ နန်းတော်ဖက်သို့ခြေဦးလှည့်လိုက်သည်။  အချိန်အားဖြင့်တော့ ညနေဝင်၍ လပင်ထွက်နေပြီဖြစ်သည် ။ လွှဲပြောင်းရေးတစ်ချို့အတွက် အလုပ်များနေသည် ဖြစ်သောကြောင့်နန်းတော်ဖက်သို့ ယခုမှပင် ခြေဦးလှည့်ဖြစ်သည် ။ နန်းတော်သို့ရောက်သည့်အခါတွင် ဘုရင်ရှိရာအိပ်ဆောင်သို့သာ တစ်ခါထဲသွားလိုက်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now