အတွင်းကျကျထိတွေ့ခြင်း

2.3K 247 24
                                    

(Unicode)

အပိုင်း - ၂၀

မွန်းတည့်ချိန်သို့ရောက်ချိန်တွင် ဂျောင်ကုသည်ထယ်ယောင်းအား ကျောပိုးလျက်နှင့်ပင် ပြန်စုမည့်နေရာသို့ရောက်လာသည် ။ သူတို့ပြန်ရောက်လာချိန်တွင် အခြားအုပ်စုများကလည်း ပြန်ရောက်နေပြီဖြစ်သည် ။ ထို့ကြောင့် အမဲလိုက်၍ရရှိလာသောသားကောင်များကို တွက်ချက်ပြီး အနိုင်အရှုံးဆုံးဖြတ်ရန်သာကျန်သည် ။ ဤအမဲလိုက်ပွဲတွင်တော့ ဂျောင်ကုကပြောစရာမလိုအောင်ပင် တစ်ဆယ့်ငါးမှတ်နှင့်ပထမရသည် ။

အိမ်ရှေ့စံမင်းသားက တစ်ဆယ့်သုံးမှတ်နှင့်ဒုတိယ ၊ စတုတ္ထေမြာက်မင်းသားက ဆယ်မှတ်နှင့် တတိယရရှိပြီး အငယ်ဆုံးမင်းသားကတော့ ခြောက်မှတ်နှင့် စတုတ္ထရသည် ။ ဂျောင်ကု၏အစ်ကိုတော်ဖြစ်သူ ရှီလာမြို့စား ဒုတိယမင်းသားကတော့ ပြိုင်ပွဲတစ်လျှောက်တွင် တောဝက်တစ်ကောင်ထဲကိုသာဖမ်းဆီးလာသောကြောင့် ငါးမှတ်ထဲနှင့်သာ ပဉ္စမရရှိသွားလေသည် ။

ပြိုင်ပွဲပြီးဆုံးကြောင်းကြေညာပြီးသည်နှင့် ရှီလာမြို့စားသည် တောဝက်အသေကောင်ကို လှည်းတစ်ခုပေါ်တွင်တင်၍ အိမ်တော်သို့ပြန်သွားသည် ။ ထယ်ယောင်းမှာတော့ ရှီလာမြို့စား၏လုပ်ရပ်ကိုအမှန်တကယ်ပင်နားမလည်နိုင်ဖြစ်မိသည် ။ အဘယ်ကြောင့် တော်လွန်းထက်မြက်လွန်းသော မြို့စားသည် တောဝက်တစ်ကောင်ထဲကိုသာဖမ်း၍ ပြိုင်ပွဲတွင်ရှုံးရသနည်း ။ သားကောင်တွေကိုသနားလို့များလား ၊ သဘာဝကိုတန်ဖိုးထားတာလား မစဉ်းတတ်သဖြင့် ဂျောင်ကုကိုသာမေးလိုက်သည် ။

“ အချစ်...အစ်ကိုတော်ကလေ တော်လျက်သားနဲ့ ဘာလို့တောဝက်တစ်ကောင်ပဲဖမ်းတာလဲဟင် ”

“ အစ်ကိုတော်က သူ့ရဲ့ကြင်ယာတော်ကိုသိပ်ချစ်တယ်...ကြည့်ရတာတော့ ကြင်ယာတော်က တောဝက်သားစားချင်နေတဲ့ပုံပဲ... ဒါကြောင့် အစ်ကိုတော်ကတောဝက်ကိုပဲဖမ်းတာ ”

“ ဟင်...အာ့ဆို ကြင်ယာတော်က ယုန်သားစားချင်တယ်ပြောရင် ယုန်ပဲဖမ်းမှာပေါ့...အဲ့လိုလား ”

“ အင်း...အစ်ကိုတော်က ကြင်ယာတော်တစ်ခွန်းဆိုတစ်ခွန်းပဲ ”

“ အစ်ကိုတော်က...မယားကြောက်များလား ”

I'm Not A Girl |TK|✓Where stories live. Discover now