ချိုမြိန်သောစိတ်ကူးနှင့် ရွာငယ်လေးဆီသို့

1.4K 176 8
                                    

(Unicode)

အပိုင်း - ၃၂

“ ဘေဘီ...အထုပ်အပိုးလေးတွေပြင်ထား...ကိုယ်တို့ တစ်နေရာကိုသွားရမယ် ”

မနက်စော‌စောစီးစီး အထုပ်အပိုးပြင်ဖို့ပြောလာသည့် ဂျောင်ကုကြောင့် ထယ်ယောင်းလည်း အံ့ဩစွာပင် ဂျောင်ကုကိုကြည့်လိုက်သည် ။

“ အထုပ်ပြင်ရမယ်...ဘယ်သွားဖို့လဲ ? ”

“ ရွာငယ်လေးတစ်ရွာကိုပါ...အဲ့မှာအခု ကပ်ဘေးဆိုက်နေတယ် တခြားရွာတွေကိုမပျံ့သွားခင် မြို့တော်က သမားတော်တွေကိုအရောက်ပို့ပေးရမှာလေ...အဲ့ဒါကိုယ်တို့လည်း လိုက်သွားရအောင် ”

“ ဟမ် ?! ”

ကပ်ရောဂါဖြစ်နေတဲ့ရွာကို နှစ်ယောက်သား အထုပ်အပိုးပြင်ပြီးလိုက်သွားရမယ်ဆိုတာကတော့ နဲနဲလေးမှ ရိုမန့်တစ်မဆန်နေပါဘူးနော် ။ ဒီတလော ဂျောင်ကုအတွေးထဲ ဘာတွေရှိနေမှန်း ထယ်ယောင်းမမှန်းတတ်တော့ ။ အမြဲတမ်းအချိန်ပြည့်အလုပ်လုပ်နေပြီး အိမ်တော်မှာလည်းသိပ်မကပ် ။ နှစ်ဦးသား ကြည်ကြည်နူးနူးစကားပြောချိန်လေးတောင် မရှိနိုင်အောင်ကိုအလုပ်များနေသည့်သူက အခုပြောလာတော့လည်း ကပ်ဘေးဆိုက်နေတဲ့ရွာကို သွားရမယ်တဲ့ ။

“ အချစ်...သိပ်တော့မဟုတ်သေးသလိုပဲနော်...အဲ့ဒီကပ်ဘေးဆိုက်တဲ့ရွာကို ထယ်တို့ကဘာသွားလုပ်ရမှာလဲ ? ”

“ ဟာ...ပြောရက်လိုက်တာ ဘေဘီရယ်...ကိုယ်ကစစ်သူကြီးလေ...အဲ့တော့ သမားတော်တွေ အဲ့ဒီရွာကိုကောင်းကောင်းမွန်မွန်ရောက်ဖို့ကိုယ့်မှာတာဝန်ရှိတယ်လေ...ကိုယ်ကလည်း ဘေဘီ့ကိုမထားခဲ့ချင်တာနဲ့....”

“ ဪ...စောစောပြောပါလားလို့...ဟွန့် ”

“ ဟဟ...ဘယ်လိုပဲဖြစ်ဖြစ် ဘေဘီလိုက်မယ်မလား ? ဒီအတွက် ကိုယ်အများကြီးအနစ်နာခံထားရတာနော် ”

“ အမယ်...ဘာတွေများအနစ်နာခံထားရတာတုန်း ပြောပါဦး ”

“ ဒီတိုင်းပါပဲ...ဘေဘီတောင်မခန့်မှန်းနိုင်မဲ့အရာလိုမျိုး ”

“ အမလေး...ကျေးဇူးရှင်ကြီးပေါ့ ”

“ ဖြစ်နိုင်ပါတယ်လေ...အထုပ်အပိုးပြင်တော့ ဒီနေ့လည်စထွက်မှာ ”

I'm Not A Girl |TK|✓Onde as histórias ganham vida. Descobre agora