မနက်စာ

2K 239 12
                                    

(Unicode)

အပိုင်း - ၁၈

မနက်ခင်းအာရုဏ်တက်ချိန်လောက်တွင်ထယ်ယောင်းနိုးလာခဲ့သည် ။ မနက်အိပ်ရာထ မျက်နှာသစ်ပြီးတာနှင့် ထယ်ယောင်းလည်းမနက်စာအတွက်စတင်ပြင်ဆင်သည် ။ အရင်ကတော့ သူ့၌ ဤကဲ့သို့ပြုလုပ်ဖို့အချိန်တွေမရှိခဲ့သော်လည်း ရှီလာခေတ်ကိုရောက်လာပြီးနောက်ပိုင်းတွင်တော့ သူကိုယ်တိုင်နဲ့အချစ်အတွက် မနက်စာနဲ့ညစာကို ချက်ပြုတ်ဖြစ်လာသည် ။

ပြီးတော့ဒီနေ့က ဆောင်းဦးကြိုအမဲလိုက်ပွဲလည်းဖြစ်တာကြောင့် ထယ်ယောင်းလည်း အားရှိစေမည့်မနက်စာကိုသာပြင်ဆင်ရန်ဆုံးဖြတ်လိုက်သည် ။ ယခုဆိုလျှင်ကောင်းတာတစ်ခုက သူ၏ကိုယ်ပိုင်ခြံဝန်းလေးထဲတွင် ကိုယ်ပိုင်စားဖိုဆောင်တစ်ခုကလည်း တိုးလာပြီဖြစ်သည် ။ ထယ်ယောင်းစားဖိုဆောင်ဝင်ရသည်ကို နှစ်သက်ကြောင်းသိပြီးနောက်ပိုင်းတွင် ဂျောင်ကုကိုယ်တိုင်က ထယ်ယောင်းအတွက် စားဖိုဆောင်ဆောက်လုပ်ပေးထားစေခြင်းလည်းဖြစ်သည် ။

အားရှိသည့်မနက်စာဟုဆိုသော်လည်း အမဲလိုက်ပွဲက ကြမ်းတမ်းနိုင်သည်ဟုထင်မိတာကြောင့် ထယ်ယောင်းလည်း American style breakfast  ကိုသာပြုလုပ်ရန်ဆုံးဖြတ်လိုက်သည် ။ ထိုအရာက ပြုလုပ်ရတာ လွယ်ကူပြီး အစာလည်းကြေလွယ်သောကြောင့်ဖြစ်သည် ။

“ ယန်လေးရေ ”

“ အမိန့်ရှိပါ ကြင်ယာတော် ”

“ စိုက်ရာတို့ဆီမှာ စတော်ဘယ်ရီလေးတွေသွားယူပေးနိုင်မလား...ပြီးတော့ ဖူအော်လက်ဖက်ရည်ကြမ်းလုပ်ဖို့အတွက် လက်ဖက်ရွက်လေးပါယူခဲ့ပေး...အဲ့ဒါကဟိုတစ်နေ့ကတင် တရုတ်ကုန်သည်တွေဆီက ဝယ်ထားတာ ”

“ ဟုတ်ကဲ့...ကျွန်တော်မျိုးမသွားယူလိုက်ပါ့မယ် ”

“ အင်း...ထယ်အိုဖြစ်ဖြစ် ၊ ထယ်ဟန်ဖြစ်ဖြစ် တစ်ယောက်လောက်လည်းခေါ်သွားဦး...အခုက မိုးသိပ်မလင်းသေးတော့...မိန်းကလေးတစ်ယောက်ထဲဆို အဆင်မပြေဘူး ”

“ ဟုတ်ကဲ့ ”

ယန်လေးထွက်သွားပြီးနောက်တော့ ထယ်ယောင်းလည်း မနက်စာကိုဆက်လက်ပြင်ဆင်လိုက်သည် ။ ဒယ်‌ဆောက်ကြီးထဲသို့ ဆီအနည်းငယ်ထည့်လိုက်ပြီး ကြက်ဥ‌လေးလုံးကို half fried ပုံစံကြော်လိုက်သည် ။ salad ပြုလုပ်သည်ထက် မုန်ညင်းစိမ်းကိုရေနွေးဖြောကာ ဆား ၊ မြေပဲ တို့နှင့် နှမ်းဆီမွှေးမွှေးလေးဆမ်းကာသုပ်လိုက်သည် ။

I'm Not A Girl |TK|✓Where stories live. Discover now