Chapter 1 unicode

76K 916 10
                                    

🔸အဖြူရောင်နုနု🔸1
    
                        အပိုင်း~၁
ရှေ့မှာချထားတဲ့မင်္ဂလာဆောင်ဖိတ်စာအထပ်လိုက်
ကြီးကိုသာအသက်မပါသလိုနဲ့နုနုငေးကြည့်နေမိသည်။
ဘေးမှာကမေမေနဲ့ကိုဗညားရှိန်းတို့ကစကားတွေဖောင်ဖွဲ့ပြောဆိုနေသည်။ဒါပေမယ့်သူတို့ဘာ
တွေပြောနေကြမှန်းနုနုမသိ၊မွေးကတည်းကကြား
လာတဲ့ဗမာစကားကိုတောင်နုနုဦးနှောက်တွေက
နားမလည်နိုင်တော့သလိုမသိကျိုးကျွံပြုကာမလှုပ်
မယှက်နဲ့ထိုင်နေမိသည်။တစ်ခါတစ်ခါမေမေကနုနု
ကိုလက်တို့ပြီး..ဖြေခိုင်းသောမေးခွန်းမျိုးကြမှ..
မေမေ့မျက်လုံးတွေကိုကြည့်ကာခေါင်းငြိတ်၊ခေါင်းခါဝင်လုပ်ပေးရသည်။

" အဲ့တာပဲကြည့်တော့လေ မင်းညီမကဘယ်လောက်စကားနည်းသလဲ။လုပ်တော့လည်းဆရာမဆို
တော့အရှက်အကြောက်ကလည်းကြီးသေး..."
ကိုဗညားရှိန်းကနုနုကိုသဘောကြတဲ့မျက်နှာနဲ့ပြုံး
ကြည့်ပြီး...
" ကျောင်းမှာဆိုရင်တော့တပည့်တပန်းတွေနဲ့စကားတွေအများကြီးပြောဖြစ်မှာပါ...ဟုတ်တယ်မှတ်လားနုနု..."
" ရှင် အင်း ဟုတ် ကဲ့..."
ှဗညားရှိန်းကလက်ကနာရီကိုငုံ့ကြည့်ကာ..
" အချိန်လည်းတော်တော်လင့်နေပြီပဲ၊ နုနုလည်းနားချင်ရောပေါ့။ကျွန်တော်မနှောက်ယှက်တော့ပါဘူး..
မနက်ဖြန်ကြရင်အပ်ထားတဲ့လက်ဝတ်ရတနာတွေ
ရပြီမို့..ကျွန်တော်လာပို့ပါ့မယ်အန်တီ...
အခုပြန်ခွင့်ပြုပါအုံးခင်ဗျာ..လိုအပ်တာရှိရင်လည်းအချိန်မရွေးပြောပါဗျာ..."
" ကောင်းပါပြီ..မောင်ဗညားရေ..ကားကိုလည်းဂရု
စိုက်မောင်းနော်။မနက်ဖြန်လာရင်..နုနုကိုခေါ်ပြီးဖိတ်စရာရှိတဲ့လူတွေကိုအတူလိုက်ဖိတ်ကြပေါ့.."
" ဟုတ်ကဲ့ဗျ.."
" ဟဲ့ သမီး မောင်ဗညားကိုလိုက်ပို့အုံး..."

နုနုသည်မှော်သွင်းထားသည့်အရုပ်လိုမေမေ့စကား
ဆုံးသည်နှင့်ထရပ်ပြီး..ကိုဗညားရှိန်းနောက်ကနေ
လိုက်ပါကာ..တိုက်အောက်အထိလိုက်ပို့ပါသည်။

" နုနု..စိတ်တိုင်းမကျတာရှိရင်ကိုယ့်ကိုပွင့်ပွင့်လင်း
လင်းပြောနော်..."
" ဟင် အင်း..မ မရှိပါဘူးကိုဗညား..."
" နုနုမျက်နှာလေးညိုးနေသလားလို့ကွယ်..."
" နုနုခေါင်းကိုက်နေလို့ပါ၊ တောင်းပန်ပါတယ်"
" တောင်းပန်စရာမလိုပါဘူး၊ ဒီရက်ပိုင်းအလုပ်များ
နေတော့နုနုပင်ပန်းပြီးခေါင်းကိုက်တာနေမယ်..
အဖျားကောရှိလား..မှန်း..."
နုနုနဖူးကိုလာစမ်းသောကိုဗညားရဲ့လက်ကိုလျှင်
မြန်စွာနဲ့ရှောင်တိမ်းရင်း...
" နုနု မဖျားပါဘူး..."
" ဆေးခန်းသွားဖို့လိုရင်ကိုယ်တစ်ခါထဲဝင်ပို့ပေးမယ်ကွယ်၊ တော်ကြာညမိုးချုပ်မှတစ်ခုခုဖြစ်ရင်"
" နုနု ဆေးသောက်လိုက်ပါ့မယ် စိတ်မပူပါနဲ့ကိုဗညား..."
" အင်း လေ နုနုကဒီလိုဆိုတော့လည်း..
ဒါဆိုဆေးတော့သောက်ဖြစ်အောင်သောက်ပါနော်
နုနု..ကိုယ်အိပ်ခါနီးကြရင်တစ်ခါဖုန်းဆက်လိုက်မယ်..."
" ဟုတ်..."
" ကဲ ကဲ အပေါ်တတ်တော့...
ကိုယ်လည်းပြန်တော့မယ်..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now