Chapter 26 unicode

21.1K 524 20
                                    

🔸အဖြူရောင်နုနု🔸26

            အပိုင်း~၂၆

ကိုကိုပေးတဲ့အရိပ်အမိုးလေးရဖို့...ဖြူဖြူနေပူထဲမှာ
အကြာကြီးရပ်စောင့်ခဲ့ရတယ်။
ဖြူဖြူကတော့တသက်လုံးဆိုလည်းစောင့်နိုင်ပေမယ့်သမီးကိုတော့ ဒီလိုမဖြစ်စေချင်ခဲ့ဘူး ကိုကို။
ဒေါ်လွန်းမီမီကမွေးလို့ လွန်းဖြူဖြူဖြစ်လာပေမယ့်
ဖြူဖြူရဲ့သမီးကတော့ဘယ်တော့မှဖြူဖြူ့လိုမဖြစ်
စေရဘူး။
မရနိုင်တဲ့မေတ္တာတွေကိုမျှော်လင့်တောင်းတနေရတဲ့ကြီးစွာသောဝဋ်ဆင်းရဲမျိုးကို..ဖြူဖြူ့ရင်သွေး
အပေါ်ဖြူဖြူမပေးရက်ဘူး။
>>>>>>>>>>>>>>

ဟိုးအရင်အချိန်တုန်းက....
နေခြည်နုနုမှာကိုယ်၀န်ရှိမှန်းသိတဲ့အချိန်မှာ ဖြူဖြူ
ဟာမိုက်ရူးရဲဆန်စွာနဲ့တားဆေးထိုးတာကိုရပ်ပြီး..
ရင်သွေးယူဖို့ကြိုးစားခဲ့သည်။သူ့ကိုတောင်းတနေတဲ့အချိန်မှာပဲရင်သွေးလေးကလည်းအလျှင်အမြန်
ရောက်လာခဲ့တယ်..
ဒါပေမယ့် ကိုကို့ကိုအသိပေးဖို့ကြိုးစားတဲ့နေ့မှာ
့ဖြူဖြူတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတယ်လေ။
ကိုကိုကခလေးချစ်တတ်မှန်းဖြူဖြူသိပြီးသားပါ။ သူ့ရင်သွေးတွေရဲ့မိခင်ကဖြူဖြူဖြစ်နေမှာကို
သူသိပ်ကြောက်တာကလွဲရင်ပေါ့နော်။

ဒယ်ဒီရဲ့အတိတ်ကိုသိလိုက်ရတဲ့နေ့မှာတော့ဖြူဖြူ
အားလုံးကိုရှင်းရှင်းလင်းလင်းနဲ့နားလည်သွားခဲ့ပါ
တယ်....
ဖြူဖြူဟာအားလုံးအတွက်မလိုအပ်တဲ့ဒသမနောက်
ကဂဏန်းသုံညလေးတစ်ခုသာသာပါပဲ။

အားလုံးကိုခြေရာဖျောက်ခဲ့ယုံကလွဲလို့တခြားလုပ်
စရာမရှိတော့ဘူးဟု ဖြူဖြူယုံကြည်ခဲ့သည်။
အဲ့ဒီ့နောက်တော့ခြေဦးတည့်ရာသွားရင်းမကွေးမြို့
မှာသောင်တင်နေခဲ့တာက သမီးလေးတသက်ပင်။

သမီးကိုမိုးရာသီမှာမွေးပြီး ...သမီးကိုမွေးတဲ့နေက
မိုးတွေသည်းသည်းထန်ထန်ရွာနေခဲ့လို့ဆေးရုံကိုမသွားနိုင်ပဲ.ဘေးအိမ်ကအဖွားအကူအညီနဲ့အိမ်မှာ
ပဲမွေးခဲ့သည်။
တကယ်တော့သမီးကြောင့်သာ ကိုကို့ကိုဖြူဖြူလက်လွှတ်နိုင်ခဲ့တာပါ။ အဲ့တာကြောင့်ပဲ...
လောင်းရိပ်ဖြူ!...သူ့ကိုယ်သူအမြဲတမ်းလောင်းရိပ်
မိနေတယ်လို့ထင်တဲ့ကိုကို့အတွက်၊သူရခဲ့တဲ့
လောင်းရ်ိပ်ကမေတ္တာအဖြူသက်သက်ဆိုတာ
ဒီသမီးကိုသက်သေထားပြီး လောင်းရိပ်ဖြူ လို့
အမည်ပေးဖြစ်ခဲ့တယ်...ကိုကို။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now