Chapter 22 unicode

16.5K 412 25
                                    

🔸အဖြူရောင်နုနု🔸22

            အပိုင်း~၂၂

ဆေးရုံနောက်လမ်းကရွှေညာထမင်းဆိုင်...
ဆေးရုံရဲ့အနောက်ပေါက်ကနေထွက်ရတာမို့လူနာ
နဲ့လူနာရှင်တွေသိပ်မသိကြပဲ၊ဆရာ၀န်နဲ့ဆေးရုံ၀န်
ထမ်းအများစုရဲ့လက်စွဲထမင်းဆိုင်ဖြစ်သည်။
ဆိုင်နေရာလည်းသန့်ပြီး၊ဆိုင်ရှင်အမျိုးသမီးကြီးကလုပ်တာကိုင်တာလည်းသန့်တာကြောင့်ရောင်းအားကောင်းပါသည်။ ထမင်းစားချိန်နဲနဲကျော်တာနဲ့ဟင်းတွေကကုန်ပြီဖြစ်သည်။
ဒေါက်တာမတစ်ယောက်ကခပ်သွက်သွက်လျှောက်လာပြီးဆိုင်ထဲ၀င်ကာ ..
" ဘာဟင်းတွေရသေးလဲ..."
" ၀က်သားပဲရှိတော့တယ်ကွယ်..."
" ဟာ....အမြန်ပြေးလာတာတောင်... "
ရှေ့မှာပန်းကန်ထဲခပ်ထည့်ထားတဲ့ဟင်းပွဲကိုလက်
ညိုးထိုးကာ...
" ဒီပုဇွန်ကောမရှိတော့ဘူးလား၊ ဒါလေးကကော.."
" အဲ့တာက ဆရာလေးယူထားတာ"

ပုဆိုးလှည့်၀တ်နေတဲ့မင်းထက်နေနိုင်ကလှည့်ကြည့်ပြီး...
" ဘယ်သူများလဲမှတ်လို့၊ထားထားသွယ်..."
" အယ် မင်းထက်..
ဒါနင်ယူထားတာဆိုရင် ငါ့ပေးပါလား၊နင်က၀က်
သားစားတာပဲ..ငါကရှောင်ထားလို့.."
" မရဘူးနော်...ငါ့ဟာငါယူမှာ...
နင်ကြိုက်တာစားချင်ရင်စောစောစီးစီးလာပါလား"
" မအားလို့ပေါ့ဟဲ့... ဒါကျွန်မကိုပေးလိုက်.."
" မပေးနဲ့...."
အယ်....
" နင်ကလည်းဟယ် ၀က်သားနဲ့ပဲစားလိုက်ပါ၊
ငါရှင်းပါ့မယ်..."
" မလိုပါဘူး.."
" ယောက်ျားလေးဖြစ်ပြီးအလျော့ပေးမယ်မရှိဘူး"

ထားထားသွယ်ကသူနဲ့batchတူဖြစ်ပြီးအခုဆေးရုံ
မှာကလေးဆေးပညာတတ်နေတာဖြစ်သည်။
" ဘာမှမဆိုင်ဘူး နင်တို့မိန်းမတွေကအသာစီးလိုချင်ပြီဆို သိပ်အားနည်းချင်ယောင်ဆောင်ကြတာ..
ပုံမှန်ဆိုရင် ဂေါ်ဇီလာတောင်စားမကုန်ဘူး..
အန်တီကြက်ဥကြော်တော့ရသေးတယ်မှတ်လား.
ရတယ်တဲ့...အဲ့တာနဲ့စား... "

" ဟဲ့ မပေးချင်မပေးနဲ့ အကျင့်ပုတ်တဲ့ဆေးရုံအုပ်
သမက်"
"ဘာ..ဘာ..ပြန်ပြောလိုက်စမ်းပါ..."
နှစ်ယောက်သားကဆရာ၀န်ကြီးတွေဖြစ်နေပြီးခလေးတွေလိုလာသတ်နေကြသောအခါ၊ ဆိုင်ရှင်မှာ
ပြုံးစိစိနဲ့ကြည့်ပြီး..
" ကဲ ကဲပါ..နောက်နေ့ပုဇွန်ပိုချက်ထားမယ်၊စောစောလာ ဟုတ်ပြီလား...."
" ပြောတာပဲ.. ပြီးကြရင်ကုန်ပြီဆိုတာချည်းပဲ"
" ဟေ့ ထားထားသွယ် သူများစျေးရောင်းနေတာ
ကို...."
" နင့်ကိုပြောလို့လား....
စား စား အဲ့မှာတစ်ယောက်ထဲဟင်းသုံးလေးပွဲနဲ့
စားပိုးနင့်နေအောင်...."
" ငါတစ်ယောက်ထဲလို့ဘယ်သူပြောလဲ..."
နောက်မှဖြူဖြူကရောက်လာပါသည်။သူမအခုခွဲစိတ်ဆောင်(OT)ဘက်မှာစာသင်နေရတာဖြစ်သည်။
ဟင်းတွေမှာပြီးထိုင်ယပ်ခတ်နေရလို့...
" ဘာတွေဒီလောက်တောင်ကြာနေတာလဲ...
တစ်ခါထွက်လာဖို့အရေးကို..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now