Chapter 12 unicode

15.9K 397 14
                                    

🔸အဖြူရောင်နုနု🔸12

            အပိုင်း~၁၂

နုနုတို့ကျောင်းမှာ..ဒီနေ့ကျောင်းသားသစ်စတင်အပ်ခံပြီဖြစ်လို့ဆရာမတွေအကုန်အလုပ်များနေကြသည်။
ခုံတန်းရှည်မှာထိုင်ပြီးတင်ထားတဲ့ဖောင်တွေကိုစစ်၊မိဘနဲ့ကလေးကိုတစ်ယောက်ချင်းစီတွေ့ပြီးအတန်းသားလက်ခံရသည်။
" ဒါနုနုအတန်းကကျောင်းသားပဲ..ရော့"
ဘေးကဆရာမကြီးကနုနုကိုကျောင်းသားလွှဲတော့
နုနုပြုံးကြည့်ပြီး..
" သားသားနာမည်က..."
" မောင်မင်းထက်နေနိုင်ပါဆရာမ..."
ဟင်....
နားကြားများလွှဲသလားလို့CVကိုငုံ့ကြည့်တော့လည်းအမှန်ပင်။ကောင်ကလေးကသူ့အမေလိမ်းပေး
သနပ်ခါးပါးကွက်ဝိုင်းလေးနှစ်ဖက်နဲ့ရုပ်ကလေးက
တော့စူပွပွလေးပင်။ သြော် ကြုံတတ်ပါပေ့။

နေ့လည်မှာကျောင်းအပ်လက်ခံတာကိုလက်စသတ်ပြီးဆရာမတွေစုကာထမင်းစားကြသည်။
နုနုကအဒေါ်ကြီးထချက်ပေးတဲ့ငါးသလောက်ဆီပြန်ဟင်းနဲ့အရွက်ကြော်..အားလုံးစုစားတာကြောင့်
ဟင်းချိူင့်တွေကဘုန်းကြီးကျောင်းထက်ပင်များနေ
သေးသည်။
စားသောက်ပြီးတော့တစ်ခါပြန်ပြီး..ဒီနေ့လာအပ်သ
မျှကိုစာရင်းလုပ်သိမ်းပြီး၊အားလုံးပြန်ခါနီးမှာ..
အားးး...
ဆရာမကြီးတစ်ယောက်မူးလဲသွားပါသည်။
" လုပ်ကြပါအုံး မမသန်း..."
" တီချယ်သန်းဘာဖြစ်တာလဲ..."
" မသိဘူး သွေးတိုးတာများလား...ဆေးခန်းပို့မှပဲ"

ဆရာမကခပ်ဖိုင့်ဖိုင့်မို့နှစ်ယောက်သုံးယောက်ဝိုင်းတွဲကူကြရပြီး...အပြင်မှာနုနုကိုကြိုဖို့ ကိုဗညားလွတ်လိုက်တဲ့ကားရောက်နေတာကြောင့်အဆင်ပြေ
သွားသည်။
" ဆေးခန်းပြမှဖြစ်မယ်..."
" ဒီအချိန်ဘယ်ဆေးခန်းမှမဖွင့်သေးဘူးလေ၊ဆရာ
မရဲ့..."
" အထူးကုဆေးခန်းဆိုဖွင့်ပါတယ်..."
" ဆေးရုံကြီးပဲသွားလိုက်ပါလား၊၂၄နာရီအရေးပေါ်
ဌာနမှာဆရာ၀န်ရှိပါတယ်..."
ကားဒရိုင်ဘာကအကြံပေးသည်။
" ကောင်းပါပြီရှင်၊ ဘာပဲဖြစ်ဖြစ်နီးတဲ့နေရာသာ
မောင်းပါ..."
နုနုအပြင်နောက်ထပ်ကားပေါ်မှာပါလာတဲ့ဆရာမ
နှစ်ယောက်ပါဝိုင်းပြီးယပ်ခပ်ပေးရ၊နှိပ်ပေးရ၊ရူဆေး
ရူခိုင်းရနဲ့ ...ဆေးရုံကြီးကိုရောက်လာခဲ့သည်။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now