Chapter 10 unicode

17.4K 430 18
                                    

🔸အဖြူရောင်နုနု🔸10

            အပိုင်း~၁၀

ဆေးခန်းက၅နာရီကနေ၈ခွဲအထိဖွင့်ပါသည်။များ
သောအားဖြင့်တော့သန့်စင်ပဲထိုင်တာပါ၊သူကစာသင်ဝိုင်းတွေလည်းရှိတော့တစ်ခါတစ်ရံမှပေါ့....။

သန့်စင်ကဘွဲ့လွန်၀င်ခွင့်ဖြေနေတာအခုထိမအောင်သေးဘူး။ရေးဖြေအောင်ရင်၊နှုတ်ဖြေမှာကျ။နှုတ်
ဖြေအောင်ပြန်တော့ရေးဖြေမှာလာကျနဲ့၊ဘွဲ့လွန်
သာမတတ်ရင်နယ်ကိုပြောင်းရတော့မှာဖြစ်သည်။

သန့်ဇင်အိမ်ကလည်းအရမ်းရှိလှတာမဟုတ်ပါဘူး။
သူ့ကိုပုံအောပြီးသင်ပေးပြီးမှပြန်အားကိုးနေရတာဖြစ်လို့..နယ်ကလုပ်စားမရတဲ့နေရာသာရောက်ရင်
သူ့အိမ်ကမိဘနဲ့အငယ်တွေဒုက္ခရောက်မှာမို့...
အဲ့တာကြောင့်သူကကူပြီးပြင်ဆင်ပေးနေတာဖြစ်
သည်။

ဆေးခန်းပိတ်ပြီးသူကစာအုပ်ကြားထဲအလုပ်ရှုပ်နေ
တုန်းသန့်စင်ကမက်ခွက်အကြီးစားနဲ့ကော်ဖီဖျော်
ပါသည်။
" မင်း အဲ့တာပြီးရင်ပြန်တော့လေ..."
" ပြီးမှမပြီးသေးတာ..."
" ထားခဲ့ငါဆက်လုပ်မယ်..."
" မင်းဘာဖြစ်နေတာလဲကွ..."
" ငါကဘာမှမဖြစ်ပါဘူး။ မင်းပြန်ပြီးဖြူဖြူ့ကိုစာသင်ပေးသင့်တယ်လေ..."
" ငါနဲ့သူကြားမှာ ဆရာတပည့်ဆိုတဲ့ဆက်ဆံရေး
မရှိတော့ဘူး...ကျစ်
ငါဘယ်လိုမှသင်လို့မရတော့ဘူး၊မင်းနားလည်
လား..."

မင်းထက်နေနိုင်..ဒီကောင့်ရဲ့ပင်ကိုယ်စိတ်ကိုကအရမ်းထူးဆန်းတာဖြစ်သည်။ကျောင်းတတ်တုန်းက
တည်းကသတိထားမိတာကဒီကောင်ကဘယ်သူ့
အပေါ်မှာမှစေသနာအဆိုးမရှိပေမယ့်...သူကဒါဆို
ဒါပဲ၊ဗူးဆိုဖရုံမသီးတဲ့သူ၊မှန်တယ်ထင်ရာကိုဇွတ်ယုံ
ကြည်ပြီးတစ်ခါတစ်ခါတော့နည်းနည်းအတ္တဆန်
တတ်သည်။

အခုသူအတ္တကြီးနေတာကဇနီးမယားအပေါ်မှာဖြစ်
နေတော့၊သူ့ကိုယ်သူတော့သိမှာမဟုတ်ပေမယ့်
ဘေးကလူကမနေနိုင်...
" နောက်နှစ်မှမင်းမသင်ချင်မသင်နဲ့ပေါ့ကွာ...
အခုတော့သူလည်းဆပ်ပလီဖြေလို့ရအောင်လုပ်ပေးလိုက်ပါ...."
" မင်းတောင် လွန်းဖြူဖြူကွန်ရက်ထဲရောက်နေပြီပဲ"
" ဟေ့ကောင်မဟုတ်ဘူးကွ၊ ငါမင်းအတွက်ပြောတာ...မင်းကသူများတွေကိုတော့လိုက်သင်ပေးနေ
ပြီး..မိန်းမကိုကြမှမသင်ပေးရင်...."
" မိန်းမ မို့လို့မသင်ချင်တာကွာ ရှင်းလား ...."
ဟူးးးပြောမရမှန်းသိပေမယ့်၊ပြောကြည့်တော့လည်း
တကယ်ကိုမရလို့သန့်ဇင်သက်ပြင်းကြီးပဲချနေရ
သည်။
"အေး သူတကယ်ဝါသနာပါတယ်ဆိုရင်အခုကစပြီး
ကိုယ်တိုင်ကြိုးစားဖို့လိုတယ်...နေရာတကာလက်
သည်ချည်းအားကိုးလို့မရဘူး..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now