Chapter 9 unicode

16.6K 458 5
                                    

🔸အဖြူရောင်နုနု🔸9

အပိုင်း~၉

ဒီနေ့မနက်ပဲစင်ကာပူကဖြူဖြူရဲ့ကြီးတော်၀မ်းကွဲ
အိမ်ရောက်လာပါသည်။အမေ့ဘက်ကဆွေမျိုးတွေ
ကဒီနိုင်ငံမှာတစ်ယောက်မှမရှိတော့ဘူး။ကြီးတော်
တောင်မာမီရှိစဉ်ကလာလည်တတ်သည်မို့ဖြူဖြူနဲ့
ရင်းနှီးတာဖြစ်သည်။ဒါတောင်မတွေ့တာ၃နှစ်ကျော်နေပါပြီ...
" ဒီမှာနေမှာဟုတ်လား..."
" ဟုတ်တယ်...."
ကြီးတော်ကောသူ့သားသမီးတွေကောကစလုံးမှာနိုင်ငံသားအဖြစ်ခံယူထားပြီးပြီ။
ဖြူဖြူ့ကိုလည်းခဏခဏခေါ်ပါတယ်..
ဒီနိုင်ငံမှာတွယ်တာစရာလေးတစ်ခုသာမရှိခဲ့ရင်ဖြူဖြူလည်းသွားနေမိမလားမပြောတတ်ပါ...။
အခုတော့ကိုကိုသာမပါရင်ကမ္ဘာ့ရဲ့ဘယ်လို
အကောင်းဆုံးသောနေရာဖြစ်ဖြစ်ဖြူဖြူသွားချင်မှာ
မဟုတ်ပါ။

အခုသူ့သမီးနဲ့ရန်ဖြစ်လို့ဆင်းလာတာတဲ့။အရင်က
လည်းလာနေဖူးသည်မို့..ဖြူဖြူ့အတွက်ကြီးတော်
လာနေနေမနေနေဘာမှထူးခြားမသွားပါ။
" မီမီနဲ့နင်ကတော့သားအမိလို့ကိုမပြောရဘူး
ယောကျာ်းရွေးတာတောင်တထေရာထဲပါပဲလား၊
ဆရာ၀န်များ ဘာလုပ်ဖို့လဲ..."
" ဘာမှမလုပ်ဖူး..ဖြူဖြူကအလှကြည့်ထားပြီး ကိုးကွယ်မလို့..."
" အေးပါဟယ်..လွန်းမီမီသမီးကလွန်းမီမီလိုပဲလာ
မှာပေါ့...
ဆေးကျောင်းဆိုလည်းနင့်ယောက်ျားပါခေါ်ပြီးဟိုမှာလာတတ်တာမဟုတ်ဘူး....
ဒီမှာကျောင်းပြီးရင်ဘာလုပ်လို့ရမှာလဲ..."

ဟင့်အင်း...ဘယ်လောက်ပဲတော်တဲ့သူဖြစ်ဖြစ်တခြားနိုင်ငံမှာအလုပ်လုပ်ရင်..ဒုတိယပဲ၊နိုင်ငံသားနဲ့
တန်းတူအခွင့်အရေးဘယ်တော့မှမရဘူးတဲ့.....
ဒါကြောင့်တခြားနိုင်ငံမှာလိုအပ်တဲ့ပညာပဲသွားသင်
မှာအလုပ်အကျွေးတော့မပြုနိုင်ဘူး။
ဒါဟာသင်ကြားပေးခဲ့တဲ့ဆရာတွေအပေါ်ကျေးဇူး
ကန်းရာလည်းရောက်တယ်။
ပြီးတော့...
ကိုယ့်နိုင်ငံမှာဒီလောက်ဆရာ၀န်တွေလိုအပ်နေတာ..ဆေးကျောင်းတတ်ပြီးရင်တကယ်ဆေးမကု
တော့တဲ့ဆရာ၀န်တွေကအများကြီးပဲ၊ပြီးတော့အစိုး
ရဆေးရုံမှာပြန်လုပ်မယ့်အစား..ကိုယ်ပိုင်ဆေးရုံ၊ဆေးခန်းတွေနဲ့သမားကျော်ကိုယ်စီဖြစ်ကုန်ကြကော။
ဘယ်မှာလည်းနိုင်ငံ့၀န်ထမ်းဆရာ၀န်ကောင်း?..
ဆရာ၀န်ဘ၀ကိုရွေးတာကဘယ်အချိန်ဘယ်နေရာ
ဖြစ်ဖြစ်လူ့အသက်ကယ်ဖို့ပါဆိုတာက အိမ်ကဆရာ
၀န်ကြီးနှစ်ယောက်ရဲ့တူညီသောစိတ်ထားနှင့်ခိုင်မာ
တဲ့ဆုံးဖြတ်ချက်ပင်။
ဒက်ဒီကိုယ်တိုင်လည်းမာမီနဲ့ဖြူဖြူအတွက်သူ့အခန်းကဏ္ဏကနည်းပါးခဲ့ပေမယ့်၊တသက်လုံးလူနာတွေ
အတွက်ပြေးလွှားနေခဲ့တာပဲ။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now