Chapter 15 unicode

16.1K 390 9
                                    

🔸အဖြူရောင်နုနု🔸15

            အပိုင်း~၁၅

wardထဲမှာဟောက်ဆာဂျင်တွေထပ်ရောက်နေတာကြောင့်..အရင်လိုနိုက်ဂျူတီရက်မများတော့ပဲ
တစ်ရက်၊နှစ်ရက်ပဲမို့..စာလည်းကောင်းကောင်း
သင်ပေးလို့ရပြီးသူ့၀င်ငွေလည်းတိုးလာသည်။
PGဘ၀မှာစာကြည့်ချိန်ရယ်လို့သိပ်မရှိတော့ဘူး
အားရင်အားတဲ့နေရာထိုင်ကြည့်ရတာပဲ၊အိမ်မှာဆို
ရင်လည်းလွန်းဖြူဖြူနဲ့ကအာရုံမရဘူးလေ။

ကိုကိုကတကယ်ပဲအပြောနဲ့အလုပ်ညီစွာဖြူဖြူ့ကို
စာမသင်ပေးတော့ပါ။အိမ်မှာရှိနေရင်မသိတာတော့
မေးလို့ရပေမယ့်အရင်လိုလက်ထောက်ချပြီးမသင်
တော့တာဖြစ်သည်။သူသင်တဲ့ဝိုင်းတွေကနောက်
ဆုံးနှစ်တွေမို့ဖြူဖြူလိုက်တတ်လို့မရပေ။
ဖြူဖြူလည်းအခုတော့ဆပ်ပလီမထိအောင်အရင်လိုအတန်းမလစ်နိုင်တော့ပဲစာလုပ်နေရပြီဖြစ်သည်။
ကိုကိုသာMRCP၀င်ခွင့်စောစောအောင်သွားရင်
ဒီပျင်းစရာကောင်းလှတဲ့ဆေးကျောင်းမှာဖြူဖြူတစ်ယောက်ထဲယောင်ချာချာကျန်ရစ်ခဲ့မှာဆိုးလို့လေ။

ဒီနေ့တော့သူကနိုက်ဂျူတီမို့..စာသင်ဝိုင်းကအပြန်
အိမ်မှာရေချိုးပြီးအမေလာပို့ထားတဲ့ဟင်းတွေနဲ့ညစာစားသည်။အိမ်ခွဲနေပေမယ့်သူတို့ကိုပစ်တော့
မထားကြပါဘူး၊အမေကတစ်လှည့်ဒေါ်မြင့်ကတစ်လှည့်ရက်ခြားဆီလာပို့ကြပါတယ်။ရေခဲသေတ္တာ
ထဲထည့်ပြီးပြန်နွေးစားပေါ့။
မပို့ရင်လည်းဖြူဖြူက deliနဲ့မှာပြီးစားလို့ရအောင်
တော့စီမံပေးပါတယ်။
ဟိုတနေ့ညကတော့ညဘက်ကြီးဗိုက်ထဆာလို့
လင်မယားနှစ်ယောက်ထပြီးကားနဲ့နန်းထိုက်မှာ
သွားစားကြသည်။ဘီယာကြသူကတစ်ဂျားဆို၊ဖြူဖြူ
ကနှစ်ဂျားလောက်သောက်နိုင်တာ....။ပြီးကြစတိတ်မှာသီချင်းဆိုအုံးမယ်လုပ်လို့ သူမာန်လိုက်မှငြိမ်
သွားတော့သည်။
" ငါဆေးရုံသွားပြီ၊ညအိပ်ရင်တံခါးကိုသေချာပိတ်
နော်..."
" ဟုတ်ကဲ့...."
သူဆင်းလာတော့ဖြူဖြူကသူ့နောက်ကနေလိုက်ပြီး
ကားနားအထိလိုက်ပို့သည်။ဖြူဖြူကလက်ကကြိုးတစ်ချောင်းထဲနဲ့ဂါ၀န်အပြောင်သားကိုမှ၊အပေါ်ကဇာအနက်လက်ရှည်ခပ်ပါးပါးတစ်ထည်ထပ်၀တ်
ထားသည်။ကိုယ်လုံးသေးပေမယ့်တင်၊ရင်ကိတ်တဲ့
ဖြူဖြူကဘာ၀တ်၀တ်sexxyကျလွန်းတော့..ခက်
သည်။ကြည့်လေ ခုလည်းဟိုသကောင့်သားက
ယောက်ျားရှေ့မှာတောင်မျက်စိအစာကျွေးနေသေး
တာ။
" သွားတတ်တော့...တံခါးသေချာပိတ်..."
ဟိုတနေ့ကလည်းသူ့ကားကိုဆေးရုံမှာထားပြီးလူပဲ
ပြန်လာတာကို...သူမရှိဘူးအထင်နဲ့အခန်းကိုရောက်လာသေးသည်။သူ့ကိုမြင်တော့မှမီတာခဘာညာနဲ့လွှဲချသည်။ဘယ်လောက်ကျလဲကျသေချာမပြော
နိုင်။
သူလည်းမြေရှင်မိန်းမဆီသွားပြီး...
" ဘာကိစ္စရှိရှိ ကျွန်တော့်ကိုပြောပါ၊ကျွန်တော့်မိန်းမ
ကအူလည်လည်နဲ့မို့..." ဆိုပြီးကြိုပိတ်ထားရသည်။
လွန်းဖြူဖြူကတကယ်လည်းအူကြောင်ကြားပဲ..
အိမ်ပြောင်းစက သူများသုံးသွားတဲ့မီတာခကိုသူ့ဆီလာတောင်းတော့..ဘာမှမမေးပဲခပ်တည်တည်နဲ့ကိုပေးပစ်လိုက်တာ။
" မင်းဦးနှောက်မရှိဘူးလား၊ ဒီလသုံးတာနောက်လမှပေးရမှာကိုမသိဘူးလား... "
" သြော် ကိုကိုရယ်ဖြူဖြူတို့ကလူသစ်ဆိုတော့
ပတ်၀န်းကျင်နဲ့အဆင်ပြေအောင်ပေါ့..."
" ဘာမှမဆိုင်ဘူး..လူသစ်ဖြစ်လည်း
သူများပါချတဲ့ချီး ကိုယ့်ခေါင်းထိုးခံစရာမလိုဘူး..
မင်း မသိရင်လည်းငါ့ကိုမေးပြီးမှလုပ်ပေါ့..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now