Chapter 20 unicode

16.3K 381 17
                                    

🔸အဖြူရောင်နုနု🔸20

အပိုင်း~၂၀

ယာဉ်တိုက်မှုဖြစ်တဲ့အရေးပေါ်လူနာတွေဒီဆေးရုံကို
ခေါ်လာနေပြီဆိုလို့..သူတို့ဆရာ၀န်တွေ၊သူနာပြုတွေ..လိုအပ်မယ်ထင်တာတွေရှာပြီးနိုးနိုးကြားကြား
စောင့်နေကြသည်။ဆေးရုံမှာအလကားရနိုင်တဲ့ဆေးကမဖြစ်စလောက်ပဲရှိပြီး..ဆေးထိုးအပ်၊ပတ်တီး
ဂွမ်းလိပ်ကအစ၀ယ်ယူရတဲ့နောက်..အရေးပေါ်လူ
နာဆိုကိုယ့်ဖာသာအိတ်စိုက်ရတာများပြီး၊ပြန်ရတာ
လည်းရှိသလို၊ပြန်မရတာကလည်းများသည်။

ဟော ဘာမျှပင်မကြာအရေးပေါ်ကားသံတွေကြား
ရပြီး..လူနာတွေရောက်ပြီလို့အလုပ်သင်တွေပြေး
ကြလွှားကြသည်။
ခရီးသည်တင်ကားနဲ့အိမ်စီးကားတိုက်တာကြောင့်
လူနာတွေများသည်။
ကွဲတာပြဲတာလောက်ဆိုအလုပ်သင်တွေနဲ့လွှတ်
ထားလို့ရလို့..ဒဏ်ရာများတဲ့လူနာကိုရှာကာစမ်းသပ်ပေးနေတုန်း...
"ဆရာ....ဒီကိုလာပေးပါအုံး....ဒီလူနာအခြေအနေ
တော်တော်အခြေအနေဆိုးတယ်..."
တွန်းလှဲကိုတွန်းရင်းတကြော်ကြော်အော်လာတာ
ကြောင့်သူခေါင်းထောင်ကြည့်သည်။လူနာကြားအောင်ဘယ်တော့မှအခြေအနေဆိုးကြောင်းမပြောပါ
နဲ့လို့ ဘယ်လောက်ပြောထားထားကိုမရဘူး။

စမ်းသပ်နေတဲ့လူနာဆီအသင်တစ်ယောက်နဲ့ထား
ခဲ့ကာသူထလာသည်။တွန်းလှဲပေါ်ကလူနာဆီမျက်
လုံးအရောက်မှာ...
" ဟင် ခင်ဗျား.."
သူမျက်လုံးပြူးကာကြက်သေသေနေခဲ့သည်။
" ခေါင်းချင်းဆိုင်တိုက်တဲ့အိမ်စီးကားကလူနာပါဆရာ...တော်တော်ဆွဲထုတ်ခဲ့ရတယ်..."
အရပ်၀တ်နဲ့ရဲလား၊ရပ်မိရပ်ဖလားမသိတဲ့လူုကြီးက
သူ့အားလှမ်းပြောပါသည်။
လူနာရဲ့သွေးပေကျံနေသောအကျီကိုအမြန်ဖွင့်ကာ
စမ်းသပ်သည်။ခေါင်းကသွေးတွေကကပ်စေးစေးဖြစ်နေပြီမို့...
" အက်စီးဒင့်ဖြစ်တာအချိန်ဘယ်လောက်ကြာပြီလဲ"
" ၄၅မိနစ်လား..အဲ့လောက်တော့ရှိပြီဆရာ..."
ပြောပေမယ့်သေချာပုံမရ၊သွေးထွက်တဲ့အနေအထားကြည့်ရတာဒီ့ထက်ကြာနေပြီပဲ။ကယ်ဆယ်ရေးမှာအချိန်ကြာခဲ့တော့လူနာကသွေးထွက်လွန်နေ
ပါသည်။
" ဆရာမ သွေးစစ်ပြီး၊လိုတဲ့သွေးရှာထားပေး"
" ဟုတ်ကဲ့ဆရာ..."
" လာ ဦးခေါင်းဓာတ်မှန်ရိုက်ရမယ်....ရွှေ့..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now