Chapter 11 unicode

15.9K 385 6
                                    

🔸အဖြူရောင်နုနု🔸11

            အပိုင်း~၁၁

မင်းထက်နေနိုင်တစ်ယောက်...
ဒီနေ့သူ့အမေကသူ့ကိုအားရင်စာအုပ်တွေလာသယ်တော့အိမ်ရွေ့မလို့ဆိုလို့...ဆေးရုံကအပြန်မှာ
သူ၀င်လိုက်သည်။
" အိမ်အသစ်ပြန်ဆောက်မယ်ဟုတ်လား၊ဘယ်က
ပိုက်ဆံနဲ့လဲ..."
သူ့အမေကမဖြေပဲတုံငြိဘာဝေလုပ်နေလျှင်...
" လွန်းဖြူဖြူ ပိုက်ဆံနဲ့လား..." 

"ဖြူဖြူလေးကသူစိမ်းမှမဟုတ်တာ၊မင့်မိန်းမပဲ..
ပြီးတော့ငါတို့ကလည်းတိုက်နဲ့နေချင်လွန်းလှလို့မဟုတ်ပါဘူး...
နှစ်ထပ်ဆောက်ပြီးရင်အောက်ထပ်ကိုမင်းလည်းဆေးခန်းဖွင့်လို့ရအောင်ဆိုပြီး..."
" ဘယ်သူကအဲ့လိုခိုင်းလို့လဲ၊အမေတို့ကျွန်တော့်ကို
ကောငဲ့ကြရဲ့လားဗျာ..."
" ဟဲ့ ဘာလို့မအေကိုပြန်အော်နေတာလဲ..
နင်မဆောက်ခိုင်းစေချင်လည်းမဆောက်နဲ့ပေါ့
တကတည်း...
မယားကော၊မိဘတွေကောကသူ့ကောင်းဖို့လုပ်ပေး
တာကို..."
" ကျွန်တော့်အတွက်ဆိုဘာမှမလုပ်ပါနဲ့..အထူးသ
ဖြင့်လွန်းဖြူဖြူပေးတာကိုမယူပါနဲ့။ပတ်၀န်းကျင်မှာ
ကျွန်တော့်သိက္ခာကိုငဲ့ပါအုံးဗျာ..."
" ဟဲ့ အဲ့ဒီ့ပတ်၀န်းကျင်ကငါတို့သိက္ခာကိုကြည့်တာမဟုတ်ဘူး၊ဘယ်လိုနေတယ်၊ဘယ်လိုထိုင်တယ်ပဲကြည့်မှာ...
မင်းကမ်ိန်းမအပေါ်မှာတော့မာနကြီးတစ်ခွဲသားထားပြီးသူများဆေးခန်းလိုက်ထိုင်နေရတော့ကောသိက္ခာမကျဘူးလား..."

" အမေတို့နဲ့တော့ခက်တယ်ဗျာ..ကျွန်တော့်ဖာသာ
ကျွန်တော်နေရင်ဘာမှသိက္ခာကျစရာမရှိဘူး .."
" အေး အေး..နင့်မယားနဲ့နင့်မိဘတွေကနင့်သိက္ခာ
ကိုလိုက်ချနေတာ..ဟုတ်တယ် ..
တကတည်း..နင်မဆောက်စေချင်မဆောက်ဘူးပေါ့...ဖြူဖြူ့ကိုလည်းပြောလိုက်မယ်..."

သူ့အမေနဲ့အခြေအတင်ဖြစ်ပြီးအိမ်ကိုပြန်လာကာ..
ခြံထဲကဒန်းပေါ်မှာထိုင်နေတဲ့ဖြူဖြူအားဆီးတွေ့လိုက်ရပြီး...
" မင်းဒါဘာသဘောလဲ..ဟမ်..ငါ့ကိုဘာတစ်ခုမှ
မပြောမဆိုပဲနဲ့.."
ဂျူတီအထွက်မှာကိုကိုဘာတွေများတင်းလာတာလဲ၊ဖြူဖြူမျက်လုံးတလည်လည်နဲ့စဉ်းစားပြီး...
" သြော် အိမ်ကိစ္စလား?၊ အဲ့တာဖြူဖြူလည်းအန်တီ
နဲ့မနေ့ကမှပြောဖြစ်တာပါ၊ကိုကိုမှအိမ်မှာမရှိပဲ.."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now