Chapter 7 unicode

16.3K 431 7
                                    

🔸အဖြူရောင်နုနု🔸7

            အပိုင်း~၇
ညနက်လောက်မှကိုကိုအရက်မူးပြီးပြန်လာလို့
သူ့သူငယ်ချင်းကအခန်းထဲအထိတွဲပို့ပေးသည်။
အားချင်းစီစဉ်ရတဲ့မင်္ဂလာပွဲမို့..အခန်းကော၊ခန်း၀င်
ကောဘာမှအသစ်မပြင်ရသေးတဲ့ဖြူဖြူ့အခန်းက
ကုတင်မှာပဲသူ့ကိုချသိပ်ခိုင်းရသည်။
" ဘာမှမစိုးရိမ်ပါနဲ့ဖြူဖြူ.. ဒီကောင်အရမ်းမမူးပါဘူး"
" ဟုတ်ကဲ့ ပြန်ပို့ပေးတာကျေးဇူးပါပဲနော်..."

ကိုသန့်စင်ကိုအောက်အထိပြန်ပို့ပေးပြီးမှအခန်းထဲ
ပြန်၀င်လာကာ..အိပ်နေတဲ့သူ့ကိုနေရာကျအောင်
ပြင်ဆင်ပေးရသည်။သူကဖြူဖြူ့လောက်အအေးမ
ကြိုက်တော့အဲကွန်းကိုလည်းပြန်ညှိပေးပြီး၊ခါးအထက်အထိစောင်ပါးလေးတစ်ထည်ခြုံပေးထားလိုက်
သည်။
ဒီတစ်ခါတော့အရမ်းမူးနေတာမဟုတ်ပဲအိပ်ပျော်နေယုံလောက်ဆိုတော့တော်ပါသေးရဲ့။
တရေးနိုးလို့ရေဆာရင်သောက်ဖို့ရေသန့်ခရားနဲ့ဖန်ခွက်ကိုသူ့ခေါင်းရင်းနားကခုံပုပုလေးပေါ်တင်ပေးထားလိုက်သည်။...
ပြီးမှဖြူဖြူလည်းရေချိုးခန်း၀င်ကာရေချိုးသန့်စင်ပြီး၊ညအိပ်၀တ်စုံ၀တ်ကာမျက်နှာကိုနို့ရည်ပါးပါးလူးသည်။
ကုတင်ပေါ်ကသူမဘက်ခြမ်းမှာ၀င်ထိုင်လိုက်ပြီး..
အိပ်မောကြနေတဲ့သူ့ကိုငဲ့ကြည့်ကာ...
" အိပ်နေရင်တော့ငြိမ်းချမ်းနေတာပဲ ..."
မြတ်နိုးလှတဲ့ကိုကိုရဲ့မဟာနှဖူးပြင်ကိုငုံ့မိုးပြီးအနမ်းဖွဖွခြွေလိုက်သည်။
ပြီးနောက်သူမသောက်နေကြဒိုင်ယာဇီပင်တစ်ပြား
ကိုမြိုချကာသူ့ဘေးမှာတစောင်းလှဲပြီးသူ့မျက်နှာကိုငေးမောရင်းအိပ်ပျော်ဖို့ကြိုးစားရသည်။

ငါ့ကိုအပိုင်သိမ်းချင်တာလားဆိုတဲ့ကိုကို့မေးခွန်းကို
ရိုးသားစွာနဲ့အဖြေပေးရရင်...ဟောဒီ့
ကိုကို့ပါးပြင်ပေါ်ကငွေမှင်ရောင်မွှေးညှင်းလေးတွေ
ကိုတစ်ဘ၀စာပုံပေးပြီးထိုင်ရေတွက်နေချင်ယုံပါပဲ
ကိုကိုရယ်။

>>>>>>>>>>>>
မန္တလေးရောက်နေတဲ့နုနု...
ကိုဗညားကဆွေကြီးမျိုးကြီးထဲကဆိုတော့မန္တလေး
မှာပါထပ်ပြီးမင်္ဂလာပွဲလုပ်ရသည်။
နုနုမှာတော့မိမိနဲ့စိမ်းသက်သောအသိုင်းအဝိုင်းထဲ
မှာ၊ကိုဗညားနဲ့ပတ်သတ်မှတော်စပ်လာသောဆွေ
မျိုးတွေရှေ့..မျက်စိသူငယ်၊နားသူငယ်နဲ့အနေရခက်လှတာတစ်ကြောင်း၊ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်
ရာနွမ်းနယ်မှုတွေကြောင့်...
ရည်ရွယ်ထားတဲ့ဟန်းနီးမွန်းခရီးအဖြစ်ပြင်ဦးလွင်
ကိုတောင်မရောက်သေးပဲမန္တလေးကမင်္ဂလာပွဲအ
ပြီးမှာတင်အိပ်ယာထဲဗုန်းဗုန်းလဲပါတော့သည်။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now