ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များ ၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ ၊ ဇာတ်ကောင်တစ်ဦးချင်းစီ၏ အပြုအမူများနှင့် အတွေးခေါ်များသည် စာရေးသူ၏ စိတ်ကူးယဉ်သပ်သပ်သာဖြစ်ပြီး မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့စည်းကိုမျှ ထိခိုက်လိုသောစိတ်အလျဉ်းမရှိပါ။
ဇာတ်လမ်းဖွဲ့တည်ရာ နေရာဒေသများကို သရုပ်ဖော်ရာ၌ လွန်ခဲ့သောကာလများမှ အချက်အလက်တို့ကို အခြေခံရေးသားထားသည်ဖြစ်ရာ လက်ရှိအခြေအနေနှင့် ကွာဟချက်၊ လစ်ဟာချက်များ ရှိနိုင်ပါသည်။သို့သော် စာရေးသူသည် မည်သည့်နေရာဒေသကိုမှ ထိခိုက်အောင်ရေးသားလိုစိတ်မရှိကြောင်း ကနဦးပြောကြားလိုပါ၏။ စာရေးသူ၏ စိတ်ကူးဖြင့် ကွန့်ညွန့်ချဲထွင်ရေးသားရာ၌ အချို့နေရာများအား အမည်လွှဲပြောင်းကာ ရေးသားထားနိုင်ပါသည်။
ဤဇာတ်လမ်း၌ မျက်မှောက်ကာလနှင့် အတိတ်ကာလ နှစ်မျိုးပါဝင်ရာ စာဖတ်သူများအနေနှင့် ရောထွေးမှုမရှိစေရန် စာရေးသူမှ တတ်နိုင်သလောက်အားထုတ်ထားပါသည်။ ဇာတ်လမ်းမှာ လူငယ်တို့၏ စိတ်သဘောထား၊ ခံစားချက်အပြောင်းအလဲနှင့် ၊ လူမှုပတ်ဝန်းကျင်၏ သက်ရောက်မှုတို့ကို ဖော်ပြလိုခြင်းဖြစ်ကာ စာရေးသူအပါအဝင် စာဖတ်သူတို့၏ ကျောင်းသားဘဝကို တဖန် ပြန်လည်အမှတ်ရစေရန်လည်း ရည်ရွယ်ထားပါသည်။
လူငယ်နှစ်ဦး၏ အချစ်ရေးကာလကို ရောက်ရှိချိန်တွင် အရွယ်မရောက်သေးသူတို့ ဖတ်ရန်မသင့်တော်သော အသုံးနှုန်း၊ အရေးအသားမျိုးပါခဲ့သော် ကြိုတင်သတိပေးမည်ဖြစ်ကြောင်းနှင့် ထိုအကြောင်းအရာတို့အား အသေးစိတ်ရေးသားမည်မဟုတ်ကြောင်းကိုလည်း ပြောကြားလိုပါသည်။
ဤဇာတ်လမ်းသည် စာရေးသူ ရှေ့တွင်ရေးသားခဲ့သော Own Character Fictions သုံးပုဒ်နှင့် တစ်တွဲထဲဖြစ်ကာ နောက်ဆုံးအပုဒ်လည်းဖြစ်ပါသည်။ စာရေးသူ အနေနှင့် ဇာတ်ကောင်စရိုက်ကို ပိုမိုပေါ်လွင်စေရန် သေချာလေ့လာခဲ့သလို မိတ်ဆွေများထံမှလည်း များစွာမေးမြန်းခဲ့ရပါသည်။ သို့အတွက် ကြိုးစားမှုပိုမိုအရာထင်သောအားဖြင့် ကောင်းမွန်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်စေရန် မျှော်လင့်မိပါ၏။
ČTEŠ
friEND(COMPLETED)
TeenfikceThe UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully credit to original artists.)