Chapter-40

8.2K 940 75
                                    

Unicode

အချစ်နှင့် ဘဝစာမျက်နှာ ၂

"ဘယ်အချိန်ကတည်းက ဒီမှာလာထိုင်နေတာတုန်း။ အနွေးထည်လည်း ထပ်မထားဘူး"

ပုခုံးပေါ်အုပ်ကျလာသည့် လက်ရှည်စကိုဆွဲရင်း ဘေးနားဝင်ထိုင်သည့် ကိုကိုကြီးအား ခွန်းနစ် ပြုံးပြလိုက်သည်။ ဖျင်အင်္ကျီလက်ရှည်နှင့် ပုဆိုးတွဲဝတ်ထားသည့် ကိုကိုကြီးက တောင်ကြီးရဲ့ အေးစိမ့်စိမ့် အာရုဏ်ဦးကို အသားမကျသေးပုံပင်။ မနက် ၃နာရီလောက်ကတည်းက အိမ်ရှေ့ကွပ်ပျစ်မှာ ထွက်ထိုင်နေခဲ့သည့် ခွန်းနစ်ကဝောာ့ အပူပိုင်းဇုန် မန္တလေးသားတစ်ဖြစ်လဲ ဖြစ်နေသူပီပီ တော်ရုံအအေးလောက်ကို ဖြုံ‌မနေတော့ချေ။

"မေမေတို့က ခြောက်နာရီလောက်မှ သွားမှာကို။ နည်းနည်းတော့ ထပ်မအိပ်ပဲနဲ့"

"မနေ့ကလည်း တစ်နေကုန်အိပ်ထားတော့ လန်းနေလို့။ ခဏနေချက်တာပြုတ်တာ ကူရမှာနဲ့ အတော်ပါပဲ။ ပြန်မအိပ်တော့ဘူး"

တစ်နှစ်အတွင်း အိမ်ပြန်လာတာ လေးကြိမ်မကပေမဲ့ ကိုကိုကြီးနှင့် ဆုံတာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါသည်။ ခွန်းနစ် ဆေးရုံဆင်းပြီးကတည်းက ကလေးကိုပြန်သွားသည့် ကိုကိုကြီးတစ်ယောက် နှစ်စဉ် နှစ်ကူးကာလတိုင်း မိဘအိမ်ကို ပြန်လာတတ်သည့် အကျင့်ကြောင့်သာ ယခုလို ညီအစ်ကိုနှစ်ယောက် မျက်နှာချင်းဆိုင်ရခြင်းဖြစ်၏။

‌ဖေဖေ့လက်စလက်နဖြင့် စိမ်းလန်းနေသော အိမ်ရှေ့ခြံကလေးမှာ လရောင်အောက်တွင် စိမ်းစိမ်းစိုလျက် ပန်းရနံ့ကလေးများကိုပါ သယ်ယူလာသည်။ဆယ့်နှစ်ရာသီပွင့်သော စံပယ်ပင်များ၊ ဇွန်ပင်များမှာ ပွင့်လန်းငွားစွင့်နေကြပြီဖြစ်ကာ ထိုနံဘေးမှ နှင်းဆီပင်တို့မှာလည်း နှင်းရည်စို့ကာ ရနံ့များကို ထုတ်လွှတ်နေကြပြီဖြစ်ရာ ထိုင်ကြည့်နေရင်းပင် စိတ်ကြည်လင်စေ၏။

ခွန်းနစ်က တောင်ကြီးအိမ်ကို ပြန်လာတိုင်း ဒီနေရာလေးမှာ စိတ်တိုင်းကျ အချိန်ဖြုန်းတတ်သည်။ ဒီမှာ အပေါင်းသင်း မရှိ၍ ဟိုသွားဒီလာလုပ်ဖို့ စိတ်မပါသလို ပြီးခဲ့သည့် တစ်နှစ်တာလုံး လစ်ဟာနေသည့် နှလုံးသားက စိတ်လိုလက်ရပျော်ရန်အတွက် အင်အားမဲ့နေခဲ့ပုံရသည်။ အိမ်‌ကို ပြန်လာခြင်းဟာ မေမေ့လက်ရာတွေကိုစားဖို့၊ ဖေဖေ့ခြံလေးထဲ ကူဖို့နှင့်၊ သူ့အရိပ်တွေကင်းနေသည့် ဒေသတစ်ခုမှာ ခေတ္တမျှ အပန်းဖြေချင်ရုံသာ ဖြစ်၏။ သို့သော်လည်း မန္တလေးကို ကြာကြာမခွဲနိုင်သည်မို့ တစ်ပါတ်မျှကြာရုံနှင့် ပြန်ပြေးရစမြဲသာ။

friEND(COMPLETED)Where stories live. Discover now