Chapter-7

8K 914 66
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၇

ဝါတွင်းကာလပြီးဆုံး၍ သီတင်းကျွတ်နှင့် တန်‌ဆောင်မုန်းလများသည် မြစ်သားမြို့၏ အစည်ကားအသက်ဝင်ဆုံးအချိန်များဟု ဆိုရလိမ့်မည်။ ခမ်းနားကြီးကျယ်သော တန်ဆောင်တိုင်ပွဲမတိုင်ခင် မြို့လုံးကျွတ် ဘုရားပွဲများ၊ သက်ကြီးပူဇော်ပွဲများက ဆက်တိုက်ဖြစ်သည့်အတွက် ပွဲမပြတ်အောင်ပင်ရှိနေ၏။

အမြဲ အိမ်တွင်းပုန်းပြီနေတတ်သည့် ခွန်းနစ်အတွက် ဒီတစ်နှစ်ကတော့ တော်တော်လေးထူးခြားသည် ဆိုရမည်။ အမှတ်မထင်ကောက်ရသည့် သူငယ်ချင်းနှစ်ယောက်ကျေးဇူးနှင့် ဟိုဟိုဒီဒီ ပါသွားတာကြောင့် ဒီအခါကြီးရက်ကြီးက ဘဝမှာ အလည်ပတ်နိုင်ဆုံး အချိန်ဟုပင် သတ်မှတ်နိုင်လောက်၏။ ဒီကနေ့မှာလဲ ကျူရှင်ချိန်ပြီးတာနှင့် တန်းမပြန်ပဲ ဝေဖြိုးနိုင်တို့အိမ်မှတိုက်သည့် ကြာဇံဟင်းကိုသောက်ရန် ထိပ်ဆုံးက ရောက်နေတာဖြစ်သည်။ တစ်ကျူရှင်လုံးနီးပါး ရောက်နေကြသည့် ဝေဖြိုးနိုင်တို့အိမ်ကလေးက ထရံကာအိမ်လေးဖြစ်ကာ ဘေးဘက်၌ မိုးကာအဖီကြီးဆွဲချထားသော နေရာလွတ်ရှိသည်။ ဧည့်သည်များသည် ထိုအဖီအောက်ရှိ မြေကြီးထက်တွင် ခုံပုများနှင့်ထိုင်သူကထိုင် ၊ ဖိနပ်ခု၍ ထိုင်သူကထိုင်ကာ နေရာယူစားသောက်နေကြ၏။ ဧည့်သည်ဆိုသော်ငြား အများစုမှာ ရပ်ကွက်တွင်းမှာ ဘုစုခရုကလေးများသာဖြစ်ကာ ခွန်းနစ်တို့ကိုပင် လူကြီးအုပ်စုထဲ ထည့်တွက်နိုင်လောက်၏။

"ဟိတ်ကောင်တွေ ထိုင်အုန်းဟ။ ငါ့အမေက ငရုပ်သီး အကြမ်းမှုန့်ဝယ်ခိုင်းလို့ ပြေးလိုက်အုန်းမယ်"

ပုဆိုးပေါင်လယ်လောက်နှင့် ဝေဖြိုးနိုင်ဟာ စကားဆုံးသည်နှင့် ဘီးကိုအသားကုန်နင်းလွှဲကာ ပြေးသွားသည်။ နေချိုမောင်ကို ကြည့်တော့ ခပ်တည်တည်နှင့် ခုံမှာနေရာယူကာ ဘေးက ကလေးတွေ စားနေသည်ကို လိုက်ကြည့်နေ၏။ တခြားခုံမှာ ကျူရှင်က ကျောင်းသားတချို့ရှိသော်လည်း နှစ်ယောက်သားမလှုပ်မိကြပါ။ နှစ်ဦးလုံးက ဖာသီဖာသာနေတတ်ကြသူတွေမို့ ဘယ်သူကမှ အထူးအထွေ အဖတ်လုပ်တာမျိုးလဲ မရှိကြချေ။

friEND(COMPLETED)Where stories live. Discover now