Chapter-24

6.6K 910 79
                                    

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ်

"အဲ့ဒီဆိုင်ကယ် အဲ့ဒီဆိုင်ကယ်နောက်ကို လိုက်ပေးပါ"

ဗြုန်းစားကြီး ပြေးတက်လာရုံသာမက အလောသုံးဆယ် ဖြစ်နေဟန်ရသူကြောင့် မီးနီအိုးဝေ သမားတစ်ယောက် အနုကြမ်းအစီးခံရသလို မျက်လုံးတွေ ပြူးကျယ်သွားသည်။ ဆောင်းမနက်စောစော အေးလွန်း၍ သူ့ဟာသူ အိုးဝေပေါ်မှာ တဘက်ကြီးခြုံပြီး ကွေးနေတာအကောင်း။ ပြာပြာသလဲနှင့် အတင်းထိုးတက်လာကာ မီးပွိုင့်တွင် ရပ်နေသည့် ဆိုင်ကယ်ကို လက်ညှိုးထိုးလျက် လိုက်ဖို့တတွတ်တွတ် ပြောနေသည်မို့ ဘုမသိဘမသိနှင့် စက်နှိုးကာ ပထမဆုံး ခရီးသည်ကို လက်ခံလိုက်ရသည်။

"နည်းနည်းလေး ခွာပြီးလိုက်။ အရမ်းတော့ မခွာနဲ့။ မျက်‌ခြေပျက်သွားမှာစိုးလို့"

အသက် နှစ်ဆယ် အစိတ်ခန့်‌လောက်သာ ရှိအုန်းမည့် ခရီးသည်ကောင်လေးမှာ မျက်ဝန်းတွေ ဝိုင်းစက်လျက်စိတ်အားထက်သန်စွာဖြင့် သူတို့ရှေ့မှ ဆိုင်ကယ် အကြီးကြီးကို အကြည့်မခွာနိုင်ဖြစ်နေသည်။ ဝတ်ထားသော အဝတ်အစားတွေအရ ဆေးရုံဝန်ထမ်းဖြစ်ပုံရ၏။ စောစောကပဲ ဆေးရုံဝန်းထဲမှ ဒရောသောပါး ပြေးထွက်လာတာ မြင်လိုက်မိသည်။

"ပစ္စည်းများ အလုခံရတာလား ဒီက ညီအစ်ကို"

တက္ကစီသမားပီပီ သူက အာရွှင်စွာ ပေးလိုက်သည်ဆိုလျှင်ပဲ ကောင်လေးက ကြောင်အသွားကာ သူ့ဆီအကြည့်ရောက်လာ၏။ ကွမ်းစားလွန်း၍ ဂျိုးတက်နေသော သွားတွေပေါ်အောင် ပြုံးပြလိုက်တော့ "မဟုတ်ပါဘူး" ဆိုကာ အဖြေပြန်ရသည်။

"အလုခံရမှာ စိုးလို့"

ဘယ်လိုပါလိမ့်။ အလုခံရမှာစိုးလို့ သူများနောက်လိုက်နေသည်ဆိုသော အပြောမှာ သူ့ဦးနှောက်က လိုက်မမှီ။ နောက်ဆုံးမှာတော့ သူများ ကိစ္စပဲကွာဟု စိတ်ကမှတ်လျက် ပါးစပ်ကို ပိတ်ကာ သူ့တာဝန်ဖြစ်သော အိုးဝေမောင်းသည့် အလုပ်ကိုသာ အာရုံစိုက်လိုက်သည်။

တဝေါဝေါတိုက်နေသည့် ဆောင်းလေအေးအေးကို အံတုရင်း မျက်မှောင်တွေပါ ကျုံ့နေသည့် ခွန်းနစ်ကတော့ ရာသီဥတုနှင့် ဆန့်ကျင်စွာပဲ ရင်ဘတ်တစ်ခုလုံး ပွက်ပွက်ဆူလျက်ရှိသည်။ သူစောင့်နေခဲ့သော နေ့ဟာ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက သောကြာနေ့ ပိတ်ရက်ရဖို့ အစ်မဆီမှာစာတင်ထားသလို အခြား ဂျူတီမတူသည့် လူတွေနှင့်ပါ အာပေါက်မတတ် ညှိထားခဲ့၏။

friEND(COMPLETED)Where stories live. Discover now