Chapter-34

6.4K 853 58
                                    

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၆

"ရတယ် မနွယ်နီ ဘာမှပြင်မနေနဲ့တော့။ ကျွန်တော် ရုံးမသွားခင် ခဏပဲဝင်လာတာ"

"ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ကျွန်မတို့လည်း မနက်စာအတွက် တို့ဟူးခြောက်ကြော်မှာနဲ့ အတော်ပဲရယ်"

"ဒါနဲ့ ဝေဖြိုးနိုင်ရော "

"လာမှာ .. မနက်ပိုင်း ကြက်သွန်ပွဲရုံဘက် ငွေရှင်းသွားတာရယ်။ သိပ်မကြာပါဘူး ခဏဆိုရောက်တော့မှာ"

"အော်"

"ဘာလဲ သူငယ်ချင်းတွေ မတွေ့တာကြာလို့ ကျွန်မတောင် တလောကပြောနေသေး။ ကိုဝေဖြိုးနိုင်ကတော့ သူတို့က မအားကြလို့ပါကွာဆိုတာချည်း။ ဒီနေ့ ကိုခွန်းနစ်ကုဋေ ရောက်တာတော့တောင် ကျွန်မမယ် အံ့တွေဩလို့"

"နေချိုလည်း သင်တန်းပြန်တက်နေတာရယ် ကျွန်တော်ကလည်း အလုပ်ပြောင်းလိုက်တော့ တော်တော်နဲ့ အသားမကျနိုင်ဘူး"

"ဟယ် ဆေးရုံမှာ မလုပ်တော့တာလား"

"ဟုတ်တယ် ပြောင်းလိုက်တာ လပိုင်းတော့ ရှိပြီ"

"ခုက ဘယ်မှာလုပ်နေတာတုန်း"

"ဆေးကုမ္ပဏီမှာ ဝင်လုပ်နေတာ"

"နေချိုမောင် သင်တန်းပြန်တက်နေတာရော မသိဘူးရှင်။ ဟိုလူကလည်း ဘာမှမပြောဘူး သိလား။သူလည်း ဘာဖြစ်နေမှန်းကို မသိတာ။ ကျွန်မလည်း ကလေးက ငယ်ငယ်နဲ့ စကားတွေမများချင်လို့ မေးမနေတော့ဘူး"

ရေနွေးခွက်တွေပြင်ဆင်ရင်း အဆက်မပြောပြောနေသည့် မနွယ်နီက အိမ်နေရင်း ချည်ဝမ်းဆက်ပွပွကြီးဖြင့် သူမရဲ့ ရှည်လျားကာအုံထူသော ဆံပင်နက်တို့ကို ‌ညှပ်ကလစ်ဖြင့် ခပ်လျော့လျော့ ထုံးတွယ်လို့ထားသည်။ မီးဖိုချောင်ထဲမှ သူမ အမေဖြစ်သူကတော့ ခွန်းနစ်တို့စားဖို့ တို့ဟူးခြောက်ကြော်များ အကြော်များကို လာချပေးပြီးကတည်းက မြေးဖြစ်သူကိုချီပွေ့ကာ အိမ်ရှေ့ထွက်လို့သွား၏။

အိမ်ရှင်ဖြစ်သူက အလုပ်ရှုပ်နေသေးတာကြောင့် စကားတွေဆက်တိုက် မပြောတော့ပဲ အိမ်အတွင်းကိုသာ အရင်အကဲခတ်လိုက်သည်။ ပြောင်းခါစထက်စာလျှင် အတော်လေး အိမ်ထောင်မှု ပစ္စည်းစုံလင်လာသည့် ဧည့်ခန်းနံရံမှာ ကလေးဓာတ်ပုံများနှင့် စတူဒီယိုမှာ သေချာရိုက်ထားပုံရသည့် မိသားစုသုံးယောက်၏ ဓာတ်ပုံများက ပြည့်နှက်နေကာ ခွန်းနစ်အား ဧည့်ခံနေသည့် စားပွဲခုံထက်မှာပင် စားပွဲတင်ဓာတ်ပုံတချို့က ရှိလို့နေသေး၏။ ပုံတိုင်းတွင် ဝေဖြိုးနိုင်က အပြုံးတွေဝေလျက် ကင်မရာကို သေချာစိုက်ကြည့်ကာ မနွယ်နီကလည်း ထိုနည်းလည်းကောင်းသာ။

friEND(COMPLETED)Where stories live. Discover now