Chapter-4

8.9K 1K 42
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၄

"စားရတာ မငြီးငွေ့ဘူးလားမသိဘူး"

ရဲတွတ်နေ‌သည့် ဆော့ချဉ်ရည်များကို အလျှံပယ်ဆမ်းကာ ဝါးတုတ်သေးသေးနှစ်ချောင်းဖြင့် ကြာဆံမျှင်ခဲကြီးကို ပလုပ်ပလောင်းစားနေသည်အား အကွယ်မှချောင်းကြည့်ရင်း ညည်းညူလိုက်မိသည်။ဆူပွက်နေသော မုန့်‌ဈေးတန်းအစွန်းရှိဆိုင်၏ အဖြစ်ရိုက်ထားသော သစ်သားခုံပေါ်တွင် ထိုင်စားနေသူကတော့ လှမ်းမြင်ရမည်မထင်။အစားကို အစားလိုမစားပဲ ပလုပ်ပလောင်းထိုးထည့်ကာ အခြားတစ်ခုလုပ်ရန် စိတ်လောနေပုံရပါသည်။

ထင်ဝာာမလွဲပါ။ မိနစ်ပိုင်းအတွင်းမှာပဲ ကြာဆံကြော်ဟု ခေါ်ရန်ပင်ခက်လှသည့် ကြာဆဲများကို ကြာညို့ဖြင့်ရောနယ်ထားသော ဟိုတစ်ညို ဒီတစ်ဖြူကြာဆံပန်းကန်က ကုန်သွားသည်။ ချက်ချင်းပဲ ဆိုင်ရှင်ဆီပိုက်ဆံပေးကာ ထလိုက်သည့်သူကြောင့် ခွန်းနစ်မှာ ကပြာကယာနဲ့ နီးစပ်ရာဆိုင်ခန်းတစ်ခုဆီတိုးဝင်လိုက်ရ၏။

"သားလေး ရှမ်းပြောင်းဖူးလား ထိုင်ဝမ်ပြောင်းဖူးလား"

လက်မောင်းကိုလှမ်းရိုက်သည့် ရေနွေးငွေ့၏အရှိန်ကို အာရုံမစိုက်နိုင်သေး၊ ထိုရောင်းဖို့ အသင့်ဖြစ်နေသည့် ဆိုင်ရှင်အား လက်ကာပြကာ ဆိုင်ထဲမှ ပြန်ထွက်လိုက်ရသည်။ အစောက စောင့်ကြည့်နေခဲ့သူကိုလည်း အနီးမှာမတွေ့ရတော့။ ဟိုဟိုဒီဒီလှည့်ကြည့်မှ မုန့်ဈေးတန်းထဲမှ ပြန်ထွက်သွားသည့် ကျောပြင်ကိုမြင်လိုက်ရသည်။ အားလုံး အဖြူအစိမ်းတွေချည်းမို့ အတော်လေးကို အာရုံစိုက်လိုက်ရ၏။

ပုဆိုးကိုတိုတိုပြင်ဝတ်လျက် ဟိုးလှမ်းလှမ်းက ဘောလုံးကွင်းထဲသို့ ဦးတည်နေသူကတော့ နောက်ကမြင်ရတာတောင် ဖိုသီဖပ်သီနှင့်ပင်။ ပေတေနေမည့်ပါးစပ်ကို လက်ဖျံနှင့် ပွတ်ဆွဲသုပ်တာမြင်လိုက်ရချိန်မှာ ခွန်းနစ် နှာခေါင်းပင်ရှုံ့လိုက်မိ၏။

ညစ်ပတ်လိုက်တာ...ခွန်းနစ်သာ အဲ့ဒီလိုပြီးစလွယ်သုတ်လျှင် မေမေဆူမှာ သေချာသည်။ နောက်ပြီး လက်ရှိအမောမခံနိုင်တဲ့ ပြဿနာမရှိလျှင်တောင် ခွန်းနစ်က ပေတေအောင်ဆော့စကားရတာမျိုးကို ကြိုက်သူမဟုတ်ပေ။ ငယ်ငယ်ကတည်းက တသီးတသန့်လေးနေတတ်တာကြောင့် စာဂျပိုးဟုပင် တော်တော်များများက စနောက်တတ်ကြပါသည်။

friEND(COMPLETED)Where stories live. Discover now