Chapter-19

7.1K 996 28
                                    

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၁၀

"အဟမ်း ဟမ်း... အိမ်သာတွင်းထဲများ ပြုတ်ကျသွားပြီလား ထင်နေတာ"

အခန်းထဲဝင်ဝင်ချင်း ပက်ခနဲအပြောခံလိုက်ရသူက အခြားမဟုတ်။  မိုးလင်းပြီဆိုကတည်းက အိတ်ကလေးပိုက်ကာ သန့်စင်ခန်းဝင်နေသည့် ခွန်းနစ်ကုဋေဖြစ်သည်။ ညဂျူတီထွက်တိုင်း အိပ်မှုန်စုတ်ဖွား ပြန်တတ်လေ့ရှိပေမဲ့ ဒီရက်ပိုင်း ဂျူတီထွက်ခါနီးရင် မျက်နှာကို ဟိုဟာလိမ်း သည်ဟာလိမ်းဖြင့် ပြင်လို့မပြီးနိုင်ပေ။ ယခုလည်း ယုတစ်ယောက် အခြေပျက်နေတဲ့ သူငယ်ချင်းကို မျက်စိဒေါက်ထောက်ကြည့်ရင်း ပြောလိုက်တာဖြစ်သည်။

"အေးတယ်နော်"

"အေးမှာပေါ့... နင့်မျက်နှာကို ရေထဲမနှစ်ရုံတမယ် သစ်နေတာကိုး။ လိမ်းလိုက်ရတဲ့ ခရင်တွေကလဲ စုံပလုံကိုစိလို့။ နင်ကိုင်ထားတဲ့ အိတ်သာကြည့်တော့"

စပ်ဖြီးဖြီးလုပ်နေသူကတော့ သူပြောတာတွေကို နာရကောင်းမှန်းသိပုံလည်း မပေါ်ရှာ။Skin Careပစ္စည်းတွေစုံနေအောင်ထည့်ထားသည့် အိတ်ကိုရင်ခွင်ထဲပိုက်လျက် Locker ဆီလျှောက်လို့သွားသည်။

"ကုဋေ မနက်စာကို အစ်မတို့နဲ့လိုက်စားမလား"

"အယ်... အဲ့ဒါကလေ"

"ကန်တော့ပွဲနဲ့ပင့်တောင် လိုက်မှာမဟုတ်ဘူးအစ်မရေ။သူ့ဟာနဲ့သူကိုး အဟင်း"

လက်ညှိုးကို နှုတ်ခမ်းထက်ကပ်ကာ ရှူးတိုတိုးဆိုသည့် ပုံစံလုပ်ပြတော့ ယုက နှာရှုံ့ပြသည်။ သူမကြည့်ရတာ ခွန်းနစ်ရဲ့ ပျော်ပါးနေပုံကို အတော်မျက်စိစပါးမွေး ဆူးနေပုံရ၏။ ဖြစ်ချင်လည်း ဖြစ်ချင်စရာပင်။ သူမ တွင်တွင်မေးတိုင်း သူငယ်ချင်းပါဟုသာ ဖြေတတ်ကေမဲ့ လာပို့လည်းဒီလူ၊ လာကြိုလည်း ဒီလူ၊ ပိတ်ရက်တွေ သူမတစ်ခါတစ်လဖုန်းဆက်မိရင်တောင် ဒီလူနဲ့ပဲ ရှိနေတတ်သည်။ ဒါလား သူငယ်ချင်း၊ ခွန်းနစ်ကုဋေတို့က သိပ်ကို ရိုက်စားလုပ်လွန်းသည်။

"ဘာလဲ ဒီကောင်လေး ရည်းစားရနေတာလား"

"မရပါဘူး အစ်မတို့ရာ။ ယုက အလကား နောက်နေတာ။ ကျွန်တော်က မနေ့ညက Stand Byစောင့်ထားရတော့ ပင်ပန်းနေလို့"

friEND(COMPLETED)Where stories live. Discover now