Chapter -16

7.4K 1K 67
                                    

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၇

ရွှီ.... ကလစ်...

အငွေ့တထောင်းထောင်း ထနေသည့် ရေနွေးအိုးခလုတ်ကို ထပိတ်ပြီးနောက် သမင်လည်ပြန်လှည့်ကာ အိပ်ရာထက်သို့ ကြည့်လိုက်သည်။ နှစ်ခြိုက်စွာ အိပ်မောကျနေသူ၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်နှင့်။ လည်ပင်းအထိ ဆွဲတင်ပေးထားသည့် စောင်ထက်မှ သွယ်ယှက်ထားသောလက်ချောင်းတို့တွင် ခြစ်ရာရှရာများ ပြည့်နှက်လို့နေ၏။ ဘာတွေလုပ်ရလို့များ ဒီလောက်ထိ ဒဏ်ရာဒဏ်ချက်တွေ များနေရပါသနည်။။

ရေနွေးအိုးကို ခပ်ပြီးတာနှင့် ကုတင်ဆီပြန်လာကာ ကုတင်‌အောက်မှာ ထိုင်ချလိုက်သည်။ အစောက ချွေးတစို့စို့ဖြစ်နေခဲ့သော နှဖူးပြင်က ယခုမူ အေးစက်လျက်။ ကြမ်းရှချင်နေသည့် ဆံပင်တွေကို သပ်တင်ပေးတော့ တန်းနေသည့် မျက်ခုံးပါးပါးနှစ်ခုက နှာခေါင်းထိပ်မှာ စုနေကြ၏။

"မေ...မေမေ"

ဂယောင်ဂတမ်း တနေလောက်အောင် သတိရနေပါလျက် ဘာတွေဖြစ်ခဲ့လို့ အဝေးမှာ တစ်ယောက်ထဲ ဖြစ်နေခဲ့ရသလဲဆိုသည့် အတွေးတို့ကို မရပ်တန့်နိုင်။ နောက်ပြီး ပြောင်းလဲသွားခဲ့သည့် ကာလတွေမှာ သူ ဘယ်လို ရင်ဆိုင်ရပ်တည်ခဲ့မလဲဆိုသော အသိတို့ဝင်ရောက်လာပြန်တဲ့အခါ အလိုလိုနေရင်း စိတ်တိုင်းမကျမှုကို ခံစားရပြန်သည်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် အပြုမှုတွေ၊ ထိန်းချုပ်သည်းခံနေသည့် ကြောက်ရွံ့တုန်လှုပ်မှုတွေ၊ နောက်ပြီး တရစပ်ကြားခဲ့ရသည့် တောင်းပန်တိုလျှိုးနေသောစကားတွေ။ ကုတင်ထက်သို့ လက်တင်ကာ ခေါင်းစောင်းချလိုက်တော့ သူ့ပါးပြင်တစ်ဖက်နှင့် မျက်နှာအပ်လျက်သားဖြစ်သွား၏။ ထူထဲသည့် မျက်တောင်တွေက ‌အိပ်မောကျနေသည့် ထိကရုန်းပင်လေးလို မျက်ခွံပေါ်မှာ ဝပ်လို့။

"နောင်တ...မရမိဘူးထင်တယ်။ မင်းနဲ့ ပက်သက်မိတာကို"

တိုးလျှသည့် အသံကို ကြားရလေမလားမသိ။ လစ်ဟနေသည့် လည်ပင်းမှ နီညိုရောင်အကွက်တချို့ကိုမြင်တော့ အလိုလိုနေရင်း လက်ညှိုးက ထိုနေရာဆီ ရောက်လို့သွားသည်။ မထိတထိ ခံစားချက်နောက်မှာ "အဟက် " ဆိုသော ရယ်သံကို မထိန်းလိုက်နိုင်။
ခွန်းနစ်ကုဋေက ဟိုးကတည်းကနေ အခုချိန်ထိ စိတ်ဝင်စားစရာ ကောင်းဆဲဖြစ်သည်။နောက်ပြီး သူကိုယ်တိုင်ကလည်း ဒီ‌အရှုပ်ထုပ်လို ယောက်ယက်ခပ်နေသူအနားမှာ ရှိနေရတာ အပျင်းပြေသည်ဟု ခံစားရ၏။

friEND(COMPLETED)Where stories live. Discover now