Chapter - 31

7.8K 951 179
                                    

Unicode

တိမ်ညိုလေး၏ သရုပ်မှန် ၂

"စောင့်ရတာ ကြာသွားသလားခင်ဗျ။ ကျွန်တော် အလုပ်လေး မပြတ်လို့ပါ"

"ရပါတယ် မောင်ရင်။ အလုပ်ချိန်မှာ ခေါ်လိုက်မိတာကို အန်ကယ်နားလည်ပါတယ်။ ရောက်လာပြီဆိုတော့ ဒီမှာ ခဏထိုင်ပါဦး"

ခပ်ရွံ့ရွံ့ဖြစ်နေသော စိတ်ကို အပြင်းထန်ငြင်းဆန်ထုတ်ကာ အနီးနားက ခုံမှာ ဝင်ထိုင်လိုက်သည်။ Conference Hallအတွင်းမှာတော့ ဦးသောတမောင် တစ်ဦးသာရှိကာ တံခါးပေါက်နှင့် မနီးမဝေးခုံတွင် ထိုင်နေတာဖြစ်၏။ ပုံမှန် VVIPလူနာများအတွက် နား‌ေနခန်း သပ်သပ်ရှိပေမဲ့ ဘာကြောင့် ခွန်းနစ်ကို ဒီနေရာမှာ ‌တွေ့ဖို့ခေါ်သည်ရယ်မသိပါ။ ဖြစ်နိုင်တာကတော့ Share Holderနှင့် ဝန်ထမ်းရဲ့ ဆက်ဆံရေးကို သူများ‌တွေအား ပေး မသိလိုခြင်းဟု ခွန်းနစ်ထင်သည်။ နေချို့ အဖေဟာလည်း သူလိုကိုယ်လို ဖခင်တစ်ယောက်ပင်ဖြစ်မည်။ အနည်းဆုံးတော့ အရှေ့တိုင်းက မိဘတိုင်းလိုလို သူတို့သားသမီး လိင်တူ စိတ်ဝင်စားသည့်ဆိုသည့် ကိစ္စကို ဂုဏ်ယူစရာဟု သတ်မှတ်လာကြမည် မဟုတ်ပေ။

"နေချိုမောင်က အန်ကယ့်အကြောင်း မပြောဘူးထင်တယ်"

သားဖြစ်သူ နာမည်ကို စိမ်းစိမ်းကားကားခေါ်ပုံအရ သူတို့သားအဖကြားမှာ နွေးထွေးမှုမရှိတာ သိသာလွန်းသည်။ ခွန်းနစ် သိပ်တော့ မအံ့‌ဩမိပါ။ နေချို့ဆီကနေဖြစ်စေ ဝေဖြိုးနိုင်မှတဆင့်ဖြစ်စေ သိရတဲ့ အကြောင်းတွေတိုင်းမှာ ဦးသောတမောင်ဆိုတာ နေချို့ကို ပစ်ထားသည့် ဖခင်တစ်ဦးအနေနှင့်သာ ပါသည်။ အဆုံးစွန်ဆိုရသော် လက်ရှိဇနီးဖြစ်သည့် ဒေါ်ဟန်နီလင်းသူပင် ထိုသားအဖ၏ ဆက်ဆံရေးကို ဖွယ်ဖွယ်ရာရာ ပြောဆိုခြင်းမရှိခဲ့ပါ။ ဒီလို ပုဂ္ဂိုလ်က ‌ခွန်းနစ်တို့ကိစ္စကို ဝမ်းမြောက်စွာ လာတွေ့ခြင်း မဟုတ်တာ သချာသည်မို့ စိတ်ကိုထိန်းကာ ခေါင်းငြိမ့်လျက် "ဟုတ်ပါတယ်" ဟု အမှန်တိုင်း ဖြေလိုက်၏။

"သူ့အမေဆုံးပြီးတော့ နည်းနည်းဖြစ်ဖြစ် အသိဝင်မယ်ထင်ထားတာ။ သူက အရင်လို ပြင်လို့ မရမဲ့လူ ဖြစ်နေတုန်းပဲ"

friEND(COMPLETED)Where stories live. Discover now