Chapter-20

7.8K 1K 71
                                    

Unicode

‌တိမ်ညိုလေးအား ထွေးဖက်ခြင်း ၁

မရပ်စတမ်း လှမ်းနေသည့် ခြေလှမ်းကျဲတွေ။ ထက်သန်လွန်းနေသည့် စိတ်ဇောက အနှီခြေလှမ်းကျဲတွေကို မီးစာဖြည့်နေသည့်အလား၊ ပြင်းထန်လွန်းသည့် အသက်ရှူသံကြားမှာ ခြေစွပ်ဖိနပ်ကို ဟိုဘက်သည်ဘက် မှားလျှိုမိထားသည့် ခြေလှမ်းတို့က ကတ္တရာလမ်းမထက် တဇွတ်ထိုးဖြတ်သန်းလို့သွားသည်။

နေက ညိုလုပြီ။ ဗံဒါရွက်တို့ပင်လျှင် ငိုက်စိုက်ကျလို့။ မြှောက်တက်သွားသော လက်တွေကို ထိန်းကွပ်ဖို့ မစဉ်းစားနိုင်လိုက်ခင်မှာပဲ တင်းကြပ်စွာပွေ့ဖက်မိလိုက်သည့် ကိုယ်လုံးတစ်ခုက ရင်ခွင်ထဲသို့ငုံ့ကျလာသည်။မျက်နှာအပ်မိလိုက်သည့် ပုခုံးက ဘယ်လိုထူးခြားမွှေးပျံ့သည့် ရနံ့မှရှိမနေ၊ သမားရိုကျ  ကိုယ်နံ့နှင့် သားရေဂျာကင်နံ့တို့သာ ရောယှက်နေခဲ့သည်။

ဒီလိုမျိုး သားရေဂျာကင်ကြီး ဝတ်ထားတာတောင် ဘာလို့ နွေးထွေးနေတယ်ဆိုတဲ့ အငွေ့အသက်မျိုး သူ့ဆီက မရနိုင်ရတာလဲ။ တစ်နေကုန် အပြေးနှင်လာဟန်တူသည့် ဆိုင်ကယ်ကြီးရဲ့အင်ဂျင်ဆီမှ အပူက ခြေထောက်ကိုလာဟပ်ပေမဲ့ လက်ရှိ ကိုယ့်ရင်ထဲမှာဖြစ်နေသည့် ပူလောင်ခြင်းကိုမှီနိုင်မည်မထင်ပါ။

နေချို.... သူဟာ ခွန်းနစ်ရဲ့လက်မောင်းနှစ်ဖက်ကြားမှာ ငြိမ်သက်စွာ ကိုင်းညွှတ်ပေးထားခဲ့သည်။ စောဒကတက်သည့် အမူအရာမျိုး လုပ်ရကောင်းမှန်းမသိသည့် ကလေးတစ်ယောက်သဖွယ် ငြိမ်နေခဲ့ခြင်းဖြစ်၏။

"မင်း နေကောင်းရဲ့လား"

ရယ်ရခက် ငိုရခက် သူ့ဆီက ပထမဆုံးကြားရတဲ့စကားကြောင့် ခွန်းနစ်မှာ မြင့်မားလွန်းသည့် ကိုယ်ကြီးကိုလွှတ်ကာ နှာခေါင်းရှုံ့မိသွားသည်။ သတိလက်လွတ်ဖြစ်စဉ်က အားပါးတရပွေ့ဖက်မိပေမဲ့ ကိုယ့်အပြုမူကို မျက်နှာသေကြီးနှင့် ကြောင်အစွာ မေးခွန်းထုတ်နေသူကြောင့် ရှက်ရွံ့ရကောင်းမှန်း အသိဝင်လာခြင်းဖြစ်၏။

"ငါ...ငါ ဒီတိုင်း အိပ်မက်ဆိုး မက်လို့ပါ"

ကမ္ဘာ့ စောက်သုံးမကျဆုံး အဖြေကို ပြောပြီးတာတောင် ခွန်းနစ်က အမှားမလုပ်ထားသလို မျက်နှာပေးဖြင့် ဟန်ချီထားလိုက်သည်။ အမှန်တော့ ခွန်းနစ်ရဲ့ အိပ်မက်ဆိုးမဟုတ်ပါ။ နေချို့အိပ်မက်ဆိုးထဲမှာ ကိုယ်က နွမ်းလျသွားခဲ့တာ ဖြစ်ပါသည်။

friEND(COMPLETED)Where stories live. Discover now