Chapter-10

7.6K 1.2K 74
                                    

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၁

"ကျွန်တော်တို့ဆီမှာတော့ ဒီBrandပဲ ရှိတယ်ဗျ။ တကယ်လို့ အဲ့ဒီဟာပဲ လိုချင်တယ်ဆိုရင် တစ်ချက် Informပေးလို့တော့ရတယ်။ အချိန်ကတော့ နည်းနည်းကြာမှာမို့ Patient Onဖို့ အဆင်ပြေပါ့မလား"

"..."

"ညသောက်ဖို့ကတော့ မှီလောက်တယ်။ အခု နေ့ခင်းအတွက်တော့ မသေချာဘူး"

"..."

"ဟုတ်ကဲ့ ဒါဆို ဆရာကြီး Roundပြီးပြန်လာရင် တစ်ချက်လောက် Informပြီး ပြန်ပြောပေးပါအုန်း"

ဖုန်းချပြီးတာနှင့် Keyboard ပေါ် အဆက်မပြတ်ပြေးလွှားနေပြန်သည့် လက်တွေ။ Screen ပေါ် ဆက်တိုက်တက်လာသည့် Orderတွေကိုတစ်ခုချင်းစီစစ်ရင်း ကိုက်ညီသည်များကို ထုတ်ပေးဖို့ပြင်ရသည်။

"အင်း...ဒါက မှားတင်မိပြန်ပြီထင်တယ်။ Odပေးနေကျကို ဘာလို့ bdနဲ့ တင်ထားတာလည်း မသိဘူး" (od -once a day, bd- two times a day)

ထပ်မံ၍ ကြိုးဖုန်းဆီ ရောက်သွားသည့်လက်။ သက်ဆိုင်ရာ အထပ်ရှိနံပါတ်ကိုဆက်ကာ orderအပြောင်းလဲလုပ်ဖို့ ပြောရသည်။ ပြီးတာနှင့် တခြားအခန်းတွေအတွက် စစ်ဆေးကာ collectors များထံသို့ ထုတ်ရမည့် စာရွက်တွေကို ပေးလိုက်၏။ ပြီးလျှင် collectors တွေဆီမှ ဆေးတွေကိုပြန်လည်စစ်ဆေးကာ သူ့အခန်းနှင့်သူ ပိုဖို့ လုပ်ရပေလိမ့်အုန်းမည်။

"ကုဋေ ထမင်းစားတော့မလား"

"နောက်အသုတ်မှ လိုက်တော့မယ်အစ်မ။ ကျွန်တော် DCဆင်းမဲ့ လူနာတွေအတွက် တစ်ခါထဲ လုပ်ပေးခဲ့မလို့" (DC- ဆေးရုံဆင်း)

"အေးအေး ဒါဆို အစ်မတို့ သွားနှင့်တော့မယ်နော်။ ဟင်းရော မှာလိုက်အုန်းမလား"

"ရတယ်အစ်မ ပြီးမှ ရှိတာ မှာစားတော့မယ်"

"အိုခေ"

စီနီယာဖြစ်သူ အစ်မယမင်းကိုပင် စကားသေချာမပြောလိုက်နိုင်။ ဆေးမမှားအောင် တောက်လျှောက်စစ်ရင်း သူ့အထပ်နှင့်သူ သေချာပို့ရန် ပြန်မှာကြားရနေရသည်။ တစ်ခါ အပေါ်မှ ပြန်ချလာသော မသုံးဖြစ်သည့် ပစ္စည်းတွေကို တင်ယူထားသည့် ရက်စွဲနှင့် အပျက်စီးရှိမရှိစစ်ဆေးကာ Return ပြန်ဖို့ လုပ်ရပြန်၏။ အတော်လေး ရှင်းသွားတော့ ထမင်းသွားစားသည့် အစ်မယမင်းတို့ပင် ပြန်ရောက်နေပြီ။

friEND(COMPLETED)Where stories live. Discover now