Chapter-25

7.2K 912 108
                                    

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၆

"ကဲ သားရယ် အင်္ကျီတွေက ပေကုန်ပြီ။ ဒီနေ့ သားအဖေပြန်လာမှာမို့ ကောင်းကောင်းနေပါဆို။ဒီကလေးကတော့ ခက်တော့တာပဲ။ သွား... ရေသွားချိုး သွား"

မအေဖြစ်သူ၏ စကားအဆုံး အနီးနားမှာ ရပ်နေသည့် ဘကြီးရဲ့ နောက်သို့ ဝင်ပုန်းသွားသည့် ကလေးငယ်။ ငါးနှစ်ခန့်သာ ရှိသေးသော်လည်း အဆော့မက်လွန်းတာကြောင့် ပိန်ကပ်နေသော ကလေးက တစ်ကိုယ်လုံး ဖုန်တွေသဲတွေပေလို့။ ညိုသောအသားရေလေးမှာ ချွေးတွေဖြင့်နစ်နေကာ အသစ်စက်စက်ဝတ်ထားသည့် သင်္ဘောသား ရှပ်အင်္ကျီလေးမှာမူ ချွေးများဖြင့် ရွှဲရွှဲစိုလျက်ရှိသည်။

"အရင်ကလဲ ဆော့နေကျပဲ"

"ဟဲ့ အရင်က ဆော့တာနဲ့ တူပါ့မလား။ လာစမ်းပါ။ နင့် အဖေက ဆယ်ခါ့ရံမှ တစ်ခါတောင် ပြန်မလာဘူး။သူက အသန့်ကြိုက်တဲ့သူ။ နင် ညစ်ပတ်နေရင် ထပ်မလာတော့ပဲ နေမယ်ဟဲ့"

က‌လေးကို ဆွဲထုတ်ဖို့ကြိုးစားရင်း ဆူတော့ ကလေးငယ်က ဘောလုံးကို ပိုက်လျက် ဘကြီး၏ ပတ်လည်မှာ ပြေးလွှားရုန်းကန်နေသည်။ မျက်မှောင်တို့မှာ ကျုံ့လျက် ဖိအားပေး အခိုင်းခံနေရာကိုပင် မကျေနပ်သည့်နှယ်။

"မစောရယ် ကလေးမချိုးချင်လည်း နေပါစေ။ မနက်ကပဲ ချိုးပေးထားတာ မဟုတ်လား။ အဝတ်လေးပဲ လဲပေးလိုက်ပေါ့"

ဘကြီးရဲ့ ဖျန်ဖြေမှုကို နားမဝင်။ ကလေးမအေက ကလေးကို ဖမ်းဖို့ကြိုးစားရင်း မမိတာကြောင့် ဒေါသထွက်လာပုံရသည်။ ဝတ်ထားသည့် အသစ်စက်စက် ပိုးထဘီပြောင်ပြောင်ကို ဒူးအထိ ဆွဲတင်ကာ

"အို ကျုပ် သူလာအောင် ဒူးဖက်မတတ် ခေါ်ထားရတာ။ ဒီကလေး ဖျက်တာ ခံရမှာလား။ မချိုးချင်လဲ ချိုးရမယ်။ သူ့အမြင်မှာ ကျုပ်က မိန်းမပျက် ထပ်အဖြစ်မခံနိုင်ဘူး။ ဒီကလေးကို ဘယ်လို မွေးထားရသလဲ ဘဘကြီး အသိဆုံး။ ကျုပ် ဒီလောက် ကျွေးထားဆင်ထားတာတောင် ဒင်းကလေးက ဖြစ်သလိုကိုနေလွန်းတာ။ သတ္တဝါဆိုးလေးတော်" ဆိုကာ ဆက်တိုက်ဆိုသလို တဗျစ် တောက်တောက် ပြောဆိုနေတော့၏။

friEND(COMPLETED)Where stories live. Discover now