Chapter-39

7.4K 892 91
                                    

Unicode

အချစ်နှင့် ဘဝခရီး ၁

"ဘာလို့ ညနေတိုင်း လာကြိုနေတာလဲ။ တာဝန်ကြီး တစ်ခုကျလို့ မင်းဟာက"

"တက်စမ်းပါ။ ဘာတွေ စကားများနေမှန်းမသိဘူး...ရော့"

ခွေးဘီလူးကားလေးရဲ့ ရှေ့ခန်းကို ဝင်ထိုင်လိုက်သည်ဆိုလျှင်ပဲ ဝေဖြိုးနိုင်က ကြံရည်ထုပ်ကို ခွန်းနစ်ဆီကမ်းပေးလာသည်။ သူက သူ့ဆိုင်နာမည်ရိုက်နှိပ်ထားသည့် ရှပ်အင်္ကျီအပါးကိုဝတ်ထားကာ ကြက်သွန်နံ့ပဲနံ့များ ထွက်နေပုံအရ ယခုလေးတင်မှာ ပွဲရုံကနေပြန်လာခဲ့ခြင်း ဖြစ်လိမ့်မည်။

"ကြံရည်တောင် ပေါ်နေပြီလား"

"ဦးဦးဖျားဖျားမို့ ဈေးကြီးတယ်"

"ကျေးဇူးပါ သူဌေးမင်း...ဈေးကြီးတာ ဝယ်တိုက်လို့"

ခွန်းနစ်နောက်တော့ သူက ဟင်းခနဲ အသံပြုကာလှောင်သည်။ ညနေတိုင်း ဝေဖြိုးနိုင်က လမ်းကြုံလို့ဟု အကြောင်းပြချက်ပေးကာ ဝင်ဝင်ကြိုသည်မှာ လအတော်ပင် ကြာခဲ့ပြီ။ ခွန်းနစ်တင်မက နေချို့ဆီပါ ကြိုရသေးတာကြောင့် သူအိမ်ပြန်ချိန်ဆို ညခုနှစ်နာရီပင် ထိုးလုကာ အားနာရပေမဲ့ ကာယကံရှင်ကတော့ ခုလိုမှမလုပ်ရရင် စိတ်ဆင်းရဲရကြောင်းပြောကာ စွဲစွဲမြဲမြဲ ကြိုပို့နေဆဲဖြစ်၏။

"နေချိုမောင်နဲ့ ကိစ္စရော ဘယ်လိုလဲ"

"ဟင် ဘယ်ဟာလဲ" ကြုံရည်စုပ်ရင်း မေးလိုက်တာကြောင့် ခွန်းနစ်အသံက အနည်းငယ် လုံးထွေးသွားသည်။ ဂရုတစ်စိုက် စောင်းငဲ့ကြည့်လိုက်မိသော ဝေဖြိုးနိုင်၏မျက်နှာထက်တွင် အနောက်နေ စူးစူးကျရောက်နေသည်မို့ မျက်မှောက်ကြုတ်ထားကာ စိတ်ရှုပ်ထွေးသယောင်ဖြစ်နေ၏။ သို့သော် သူက ‌ကားကိုသာ ဂရုစိုက်မောင်းရင်း " စင်္ကာပူ သွားမဲ့ ကိစ္စ" ဟု တိုတို တုတ်တုတ် စကားပြန်ထောက်လာခဲ့သည်။

နောက်တစ်ကြိမ် စုပ်ယူလိုက်ချိန်မှာ အိတ်ထဲရှိကြံရည်အားလုံးနီးပါး ကုန်လုဖြစ်သွားကာ ခွန်းနစ်လက်ထဲ အခွံသာကျန်၏။ အေးစက်နေသေးသည့် အိတ်အလွတ်ကိုကိုင်ကာ သူ့အမေးကို မဖြေခြင်းအားဖြင့် ထိုအကြောင်းမပြောချင်သည့် သဘောထားကို ပြသလိုက်သည်။

friEND(COMPLETED)Where stories live. Discover now