Chapter-8

7.5K 897 53
                                    

Unicode

ကွဲထွက်နေသော တိမ်တိုက်ညိုကလေး ၈

"နေချိုမောင် ဟေ့ကောင် ထအုန်းလို့"

စိတ်မရှည်မှုတချို့ ရောယှက်နေသည့် တိုညှင်းသောအသံတစ်ခုက ညဉ့်နက်ကြားသို့ ခပ်ပါးပါးတိုးဝင်လာသည်။ လက်ဖဝါးတစ်ခုလုံး ပြည့်နေအောင်ဆုပ်ကိုင်မိထားသည့် ပေါင်တစ်ဖက်ကို လှုပ်ကာလှုပ်ကာနှင့် အားအင်စိုက်က နှိုးနေပေမဲ့ အိပ်ပျော်နေသူကတော့ အင်းအဲ အသံတစ်ချက်ပင် ထွက်လို့မလာပေ။

ကိုင်ထားသည့် လက်ကိုအားထည့်ကာညှစ်ပစ်တော့ အင့်ခနဲ အသံကြားရသည်။ လက်မလျှော့ပဲ ဆက်တိုက်လှုပ်နှိုးပြီးသည့်နောက်မှာဝောာ့ ကျေးဇူးရှင်က အမှောင်ထုထဲတွင် ငုတ်တုပ်ထထိုင်လာ၏။

"ငါနဲ့ ခဏလိုက်ခဲ့အုန်း"

ဘေးဘီမှာ အိပ်နေသူတွေရှိတာကြောင့် နှစ်ကိုယ်ကြား ကြားသည်ဆိုရုံမျှ ပြောလိုက်သည့်စကားပင်။သိပ်မကြာပါ အနုမြူစိမ်းရောင် အလင်းတစ်ခု လက်ပတ်နာရီမှ တိုးထွက်လာကာ အနီးနားရှိမျက်နှာတစ်ခုကို သေချာမြင်လိုက်ရ၏။ မှေးတေးတေးဖြစ်နေသော မျက်ဝန်းတို့နှင့် မို့အစ်ချင်နေသော ပါးပြင်နှစ်ဖက်.... "ရှူးပေါက်လား" ။

"အေး လိုက်ခဲ့အုန်း ငါနဲ့"

သူ့ဆီမှ စကားပြန်မလာပါ။ သို့သော် ချက်ချင်းပဲ ဟိုဟိုဒီဒီစမ်းကာ တစ်ခုခုကို ရှာနေခဲ့သည်။ ပြီးတာနှင့် ခွန်းနစ်ပုခုံးကို တစ်ချက်ပုတ်ကာ "သွားစို့" ဟု ဆိုလာ၏။

မှောင်မိုက်နေသော ပတ်ဝန်းကျင်တစ်ဝိုက်ဝယ် ပရစ်သံ တစီစီတို့က ဖုံးလွှမ်းနေပြီး နှင်းရည်ဝနေသော မြေသားတို့က ညဉ့်နက်နက်မှာ စိုထိုင်းလို့နေပြီဖြစ်သည်။ ဆောင်းမဝင်သေးသော်လည်း အမြင့်ပေမနည်းလှသည့် တောင်ထွဋ်ကြီးထက်မှ အပူချိန်က တော်ရုံအေးလှသည်မျိုး မဟုတ်ပါ။ ခွန်းနစ်တစ်ယောက် ဝတ်ထားသည့် တထရွန်ကွက်အပါးကိုဆွဲစိကာ လက်နှစ်ဖက်ကို တင်းနေအောင်ပိုက်လျက် နေချိုမောင့်အနားကို ပြေးကပ်လိုက်သည်။

"အကောင်တွေ ထွက်လာရင် ဘယ်လိုလုပ်မလဲ"

နေ့လည်က တောင်ထိပ်ရောက်ရာက်ချင်း ကြားခဲ့ရသည့် "ဒီတောင်မှာ ညဘက်ဆို တော‌ဝက်တွေ ထွက်တတ်တယ်" ဆိုသည့် စကားကို ဦးတည်မေးလိုက်ခြင်းပင်။ တောင်မြင့်သည့်အပြင် တောလည်းနက်တာကြောင့် ဘုရားပွဲရာသီမဟုတ်လျှင် မျောက်ဝံ၊ဒရယ်၊ တောဝက် စသည့် တောကောင်တွေထွက်တတ်သည့်အတွက် မီးရှူးမီးပန်းများ ဆောင်ကာ သွားရကြောင်း မလာခင်ကပင် ကြိုသိနှင့်ခဲ့၏။ခွန်းနစ်တို့ တက်ချိန်က ဘုရားပွဲရာသီမို့ ထိုအခက်အခဲကို မကြုံရသော်လည်း ညဘက်ကြီး နှစ်ယောက်ထဲ သွားနေရခြင်းကို ခြောက်ခြားနေတာကြောင့် ဟိုရောက်သည်ရောက် လျှောက်မေးလိုက်ခြင်းသာ ဖြစ်၏။

friEND(COMPLETED)Where stories live. Discover now