Chapter-14

7.3K 864 59
                                    

Unicode

တိမ်တိုက်ငယ်၏ ဦးခိုက်မှု ၅

"အသစ်ရောက်လာတဲ့ Specialist ကိုသိလား ။ ဝောာ်တော် သန့်တယ်လို့ပြောတယ်နော်"

"အသက်ငယ်အုန်းမယ်ထင်တယ်"

"၃၀တော့ ကျော်ပြီပေါ့ဟ"

"ငယ်ငယ်ရွယ်ရွယ်နဲ့ GPဖြစ်တာ ဘယ်လောက်တောင်တော်လို့လဲ"

"အဲ့‌ဒါတင်လား ရုပ်ကလဲ ဘာမှအပြစ်ပြောစရာမရှိဘူး။ သူ့အခန်းဝင်ရတဲ့ Nurseတွေကပြောတယ် လူနာတွေနဲ့စကားပြောရင် ချိုပြီး အရမ်းကောင်းတာတဲ့ဟ"

"မျက်နှာမြင်ရုံနဲ့ ‌ရောဂါတစ်ဝက်သက်သာတယ်ဆိုတာ ဒါမျိုးပြောတာနေမှာ"

မနက်ဆေးရုံရောက်ကတည်းက ကြားနေရသည့် သတင်းက နေ့လည်ထမင်းစားချိန်ထိ အမျှင်မပြတ်သေး။ လေးရက်ဆက်တိုက် နားထားရသော ခွန်းနစ်အတွက်တော့ ဘယ်ကစလိုက်ရမှန်းမသိအောင်ဖြစ်နေသည်။ တသသပြောနေရလောက်သည့် ဆရာဝန်က ဘယ်သူလဲဆိုတာ သိချင်ပေမဲ့ တစ်မနက်လုံး အတွင်းလူနာဆောင်မှာ တဖွဲဖွကျနေသည့် လူနာတွေကြောင့် လက်မလည်အောင် လုပ်စားနေရသည်။ ဟောတစ်ခန်း ဟောတစ်ခန်း တက်လိုက်ကြ ဆင်းလိုက်ကြနှင့် အထူးသဖြင့်မွေးလူနာတွေများတဲ့ကာလမို့ ဆေးကောင်တာတစ်ခုလုံးလည်း အတော်အလုပ်များ၏။ မအားဆို ခွန်းနစ်ရဲ့သူငယ်ချင်းမကလေး ယုသည်ပင် ထမင်းမစားရသေး။ သူမက ပြင်ပလူနာဆောင်ရဲ့ အဆက်မပြတ်သာ လူနာတွေကြားမှာ အာပေါက်မတတ်ကို ဆေး Onပေးနေရရှာသည်။

'ညနေကျရင် နည်းနည်းနောက်ကျမှာ။ သွားစရာရှိလို့ မစောင့်ပဲ ပြန်နှင့်တော့'

"ဘယ်များသွားမှာပါလိမ့်" ညည်းလိုက်မိတာ တစ်မျိုးပေမဲ့ တကယ်တမ်း စာပြန်မိတော့ "အေး" တစ်လုံးသာ။ ဘယ်သွားမှာလဲဆိုသည့် သိချင်စိတ်ဖြစ်လာသည့်တိုင် ခွန်းနစ်မမေးချင်။ မေးရလောက်အောင်ထိ ကိုယ်က သူ့ကိုယ်ရေးကိုယ်တာကို ဝင်မစွက်ဖက်ချင်တာလည်းပါသည်။ ဘော်ဒါကဏ္ဍ‌မှာ မေးခွန်းတွေအများကြီး မမေးတာကလည်း ပေါ့ပါးသည့် ဆက်ဆံရေးဖြစ်ဖို့ မဟုတ်ပါလား။

"သူမလာဘူးဆိုဝောာ့ ငါက ညနေစာကို ဘာစားရပါ့"

"ကြေးအိုးဖြစ်ဖြစ် စားရမလား"

friEND(COMPLETED)Where stories live. Discover now