Final Chapter

14.9K 990 121
                                    

Unicode

အချစ်ဖြင့် ကမ္ဗည်းထိုးသွားမည့် စာမျက်နှာများ

"ဟေး... နေချို... အိပ်နေပြီလား"

တိုးလှသော စကားသံက ကြမ်းကြားမှဝင်ရောက်လာသည့် လေသဖွယ် နှစ်ကိုယ်ကြားရုံသာဖြစ်သည်။ နေချိုမောင်ဟာ မျက်ဝန်းများကို မှိတ်ထားရမှာ ချက်ချင်းဖွင့်ကာ ပက်လက်လှန်ထားသည့် ကိုယ်ကို တစ်ဖက်သို့ ခပ်မြန်မြန်လေးစောင်းလိုက်၏။

ခြေသလုံးသာသာ သာ မြင့်သော အိပ်ရာထက်မှ ကုန်းကွကွဖြစ်နေသူဟာ စကားပြောချင်နေပုံရကာ တခြားသူတွေကြားမည်ကိုလည်း မလိုလားသည့်ပုံပင်။ လူတစ်ကိုယ်စာ ခြားထားသည့် နေရာအလွတ်ဆီ တိုးကပ်သွားသည့်အခါ " အိပ်ရာခင်း ပေါ်မှာပဲနေလေ ၊ အအေးပက်မယ်" ဟုသော တားဆီသံက တောက်လျောက်ထွက်လာသည်။

"အိပ်သွားပြီထင်တာ"

"မအိပ်ပါဘူး"

"တော်သေးလို့ ဒီနေ့ ကိုကိုကြီး နေတဲ့အခန်းကို ပြင်လိုက်ကြတာ။ မဟုတ်ရင် မေမေက မင်းကို ကိုကိုကြီးနဲ့ သွားအိပ်ခိုင်းနေလောက်တယ်"

ရည်းစားဖြစ်ကတည်းက တပူးပူးတကပ်ကပ်နှင့် ပွင့်လင်းစွာနေခဲ့ကြသူတွေမို့ ယခုလို မိဘအိမ်မှာ လူကြီးတွေမသိအောင် တီတီတာတာပြောရတာက သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းနေသည်။ ဒါ့အပြင် သူတို့နှစ်ဦး ခွဲခွာထားရသည့် တစ်နှစ်ဆိုသော ကာလအတွက် အတိုးချ အလွမ်းသယ်ချင်စိတ်တွေကို ထမ်းပိုးနေရတာဟာလည်း လွယ်လှသည် မဟုတ်ပေ။ ပိုဆိုးတာက အခါကြီးရက်ကြီးမို့ ဥပုသ်ယူထားပါသည်ဆိုသော ခေါင်းစဉ်တပ်လျက် ခွန်းခွန်းအား ဆင်ခြင်နေရန် အန်တီမှ မျက်နှာထားဖြင့်တစ်မျိုး စကားတို့ဖြင့်တစ်ဖုံအရိပ်အမြွက် ပေး‌နေသည့်အခါ သူ့မှာ ထိန်းသိမ်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။

"နည်းနည်း ကြာရင် အိပ်ရာပေါ်တက်ခဲ့လေ။ မေမေက အောက်မှာ ခင်းပေးသွားတယ်ဆိုတာ ကြပ်မှာစိုးလို့နေမှာပါ။ လာကြည့်နေမှာတော့ မဟုတ်ဘူး သိလား ချိုချို"

"အင်း"

"မင်းက မတက်လာချင်လို့လား"

"မဟုတ်ပါဘူး"

friEND(COMPLETED)Where stories live. Discover now