My Boyfriend is Grim Reaper 1🦹

15.2K 441 0
                                    

🚦Sign မပြထားပေမဲ့ အကုန်
Warning  Short Stories ချည်းနော်


"မင်းတာဝန်ပျက်ကွက်တယ် Jeon Jungkook
အဲ့အတွက် မင်းရဲ့အဖွဲ့မှူးရာထူးနားရမယ် သေမင်းBlack Cardနဲ့ ဇိမ်ခံအိမ်ကိုခဏသိမ်းထားမယ် ။"

"ဆရာ အဲ့ဒါက "
ဝတ်ရုံအနက်နဲ့ဒေါသထွက်နေတဲ့ဆရာက ကြာပွတ်ကိုကိုင်ကာထိုင်နေသည်။
"မင်းပို့ဆောင်ရမယ့်အချိန်မှာ Barရောက်နေခဲ့တာကြောင့် အဲ့လူမသေခဲ့ဘဲ ကမောက်ကမဖြစ်ကုန်လို့ ငါဝင်ဖြေရှင်းလိုက်ရတယ်။
ဘယ်သေမင်းက အရက်လေး၂ခွက်၃ခွက်လောက်နဲ့မှောက်ဖူးလို့လဲ။
မင်းရဲ့စွမ်းအားတွေကို မူးမူးရူးရူးနဲ့Barမှာသုံးလိုက်တဲ့အတွက် မင်းကြောင့်လူတွေလန့်ပြေးကုန်တယ်။
အဲ့လူတွေပါးစပ်ပိတ်အောင်မှတ်ဉာဏ်ဖျက်ဆီးရေးသေမင်းတွေဘယ်လောက်အလုပ်ရှုပ်ခဲ့ရလဲ။‌ နောက်တခါအရက်မသောက်မိစေနဲ့ မင်းအချိုးမင်းပြင်"

Jungkookမျက်လုံးများ အရောင်တောက်သွားပြီး
"ဒီတပတ်အတွက် ကျွန်တော်ခွင့်ရတာပေါ့နော် ဟုတ်လားဆရာ"
ဆူနေတာကို အဖက်မလုပ်တဲ့သူ့ကိုဆရာကစိတ်ပျက်လက်ပျက်ဖြင့်ကြည့်သည်။

"အပြစ်လုပ်ထားပြီး ဘာခွင့်ကို မျှော်နေတာလဲ။ မှတ်တမ်းထိန်းသိမ်း‌ရေးနောက်လိုက်ဝန်ထမ်းတွေအကူအညီမပါဘဲတစ်ပတ်မှာ အယောက်၅၀ပို့ဆောင်ရမယ်"

"ဆရာ လူဦးရေတိုးလိုက်တာပဲအဲ့လိုတိုးရင်ကျွန်တော့်သေမင်းသက်တမ်းလျော့မှာလား"

"ဒါပြစ်ဒဏ်သက်သက်ပဲ Jeon Jungkook"
Jungkook သေမင်းကြီးကြပ်ရေးမှူးရုံးခန်းမှထွက်လာတော့ နောက်လိုက်ဝန်ထမ်းများထဲက ကောင်မလေးက
"အဖွဲ့မှူးJeon"

"မလိုက်လာနဲ့ ငါကအခုမင်းတို့အဖွဲ့မှူးမဟုတ်တော့ဘူး သာမန်အငယ်တန်းသေမင်းဖြစ်သွားပြီ" မှတ်တမ်းစာရေးမလေးလည်း အံ့ဩလျက်ကျန်ခဲ့သည်။

တည်တင်းနေသောမျက်နှာနှင့်အတူ နဖူးကြောများထောင်နေလျက် Jungkook long coatအနက်ကိုတချက်ခါလိုက်ကာရုံးတော်မှ ထွက်လာခဲ့သည်။

လမ်းမပေါ်က Jungkookကိုကြီးကြပ်ရေးမှူးသက်ပြင်းအရှည်ကြီးချလျက်ပြတင်းပေါက်မှရပ်ကြည့်နေရင်း"Jeon Jungkookမင်းကစတွေ့တုန်းကအတိုင်းပဲ တစက်ကလေးမှအချိုးမပြေဘူး လုပ်ချင်ရာလုပ်တယ်။ငါ့သက်တမ်းကုန်ခါနီးလေလေ မင်းကိုသေမင်းအကြီးအကဲနေရာထားဖို့ စိတ်မချဖြစ်လေလေပဲ.."

Ester's KookV short stories Where stories live. Discover now