Psycho Darling "A"

3.6K 245 4
                                    

"ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှကျုပ်လက်မခံနိုင်ဘူးDaddy"

"Daddy ပိုင်ဆိုင်မှုတွေ အကုန် မင်းအတွက်လွှဲ‌ ပေးပြီးပြီပဲ"

"အဲ့ပိုင်ဆိုင်မှုကြောင့် ကျုပ်ပြောနေတာမဟုတ်ဘူး။Mommyနေရာကို ဘယ်သူ့ကိုမှအစားမထိုးနိုင်ဘူး။Mommyဆုံးသွားပြီးတဲ့ ၅နှစ်ကျော်ကာလအတွင်း Daddy ဘယ်လောက်အရှုပ်ဇယားခင်းခင်းကျုပ်လက်ခံပေးခဲ့တယ်
အခုလိုတရားဝင်မိ‌ထွေးတော့မလိုချင်ဘူး "

ဧည့်ခန်းအတွင်းJungkookတို့ သားအဖနှစ်ယောက်ရဲ့ စကားဝိုင်းမှာတိတ်ဆိတ်နေရာမှ အသံ တွေ တဖြည်းဖြည်းကျယ်လောင်လာခဲ့သည်။

"မနက်ဖြန် Yunaတို့ မောင်နှမနှစ်ယောက်
ဒီအိမ်ကိုလာနေလိမ့်မယ် မင်းလက်ခံခံမခံခံ ဒါDaddyဆုံးဖြတ်ချက်။ Daddyဆုံးဖြတ်ချက်ကို ဘယ်သူ့မှပြင်ခွင့်မရှိဘူး"

Daddyရဲ့မျက်မှန်အနက်အောက်က အကြည့်စူးစူးတွေက တိကျပြတ်သားလို့

"ကောင်းပြီ ဒီစကားကိုမှတ်ထားနော် Daddy...Daddyသားကလည်း Daddyအတိုင်းပဲ "
Jungkook စားပွဲခုံပေါ်က ‌ကားသော့ကိုလှမ်းယူပြီးဧည့်ခန်းထဲက ထွက်လာခဲ့သည်။
:
:
:
_______________________⚕️

"လွဲတယ်.."
Jungkook က ဘေးနားက သူငယ်ချင်းတွေကို
ခပ်ထေ့ထေ့ပြုံးပြကာ

"အခုGolf လာရိုက်တာကို မင်းတို့အပျော်အပျက်ထင်နေလား ဟမ် "

"သွား...မင်း...အဲ့မှာသွားရပ်"

မိန်းမငယ်လေးမှာ မသိနားမလည်ဟန်မျက်ဝန်းအိမ်များဖြင့် Jungkook ခိုင်းသည့်အတိုင်း
ခပ်လှမ်းလှမ်းမှကျင်းရဲ့ ရှေ့နားတွင် ရပ်လိုက်သည်။
ထို့နောက် Jungkook၏Golf ရိုက်တံရဲ့ အရှိန်ကြောင့် ကျင်းနားရှိကောင်မလေး  အော်သံအကျယ်ကြီးနဲ့အတူ မြက်ခင်းပေါ်လဲကျသွားသည်။
မျက်လုံးမှသွေးတို့ လျှံထွက်လာပြီး
မြက်ခင်းမှားလူးလိမ့်လျက်
"အား ...နာတယ်... အား ...ကယ်ကြပါဦး "
မိန်းမငယ် လေးမှာမျက်နှာကို အုပ်ပြီး
အော်သံနက်ကြီးဖြင့် ကူကယ်ရာမဲ့လို့ ...

ဝန်ထမ်းကောင်မလေး အခုလို အလူးအလဲလဲအော်နေပေမဲ့ Jungkook ရဲ့ သူငယ်ချင်း၄ယောက်မှာ ရပ်ကြည့်နေခဲ့ရသည်။ ကူညီမိလျှင် နောက်ထပ်မြှားဦးကသူတို့ဆီလာမှာအသေအချာပဲလေ...

Ester's KookV short stories Where stories live. Discover now