Daddy's Kitty 😾😾😾+7

1.3K 115 15
                                    

TV screen ပေါ်က ဂျွန်ဂျောင်ကုဆိုတဲ့လူ
Cookyနဲ့ မျက်နှာရော အရပ်အနေအထားအကုန်တူပေမဲ့ ကျွန်တော့်လူက ပုခုံးပိုကျယ်ပြီး ပိုကြည့်ကောင်းသည်။ ထိုလူ့လက်မှာ Tattoo ရယ်လို့မရှိ။

"သား ထယ်ဟျောင်း ဂျွန်အိမ်တော်က ကလေးက
ငါတို့ Cookyလေးနဲ့တူသလိုပဲနော်။Cookyမှာ
အမြွှာတွေ ဘာတွေများရှိတာကြားဖူးလား"

မုန့်ဆိုင်ပိုင်ရှင်အန်တီကြီးက Cookyကို မြင်ဖူးနေကျဆိုတော့ ထယ်ဟျောင်းလည်းပြောရကျပ်သွားသည်။

"သိပ်မတူပါဘူး အန်တီရဲ့။ ကျွန်တော့် Cooky က ပါးမှာ အမာရွတ်သေးသေးလေးရှိတယ်။ ဒီလူ့မှာ မရှိသလိုပဲ အခုပုံအရ။
ပြီးတော့ Cookyက ပိုထွားပြီး ယုန်ကြီးလိုပဲ
ပိုချစ်ဖို့ကောင်းတယ်။ ဒီလူက
မှုန်ကုပ်ကုပ်နဲ့ သူဌေးသားပုံစံ ဝတ်ထားလို့သာ တောက်ပြောင်နေတာ "

"အေးနော်Cooky လေးလည်း သူ့လို Suit  အပြည့်ဝတ်ရင် တကယ့် CEO ပေါက်စနဲ့တူမှာ
။ Cooky က အရမ်းသဘောကောင်းတာ
အန်တီ့ မုန့်ပုံးတွေဆိုလည်း ကူမပေးနေကျ။
ဒီနေ့ သူပါမလာဘူးလား "

အန်တီကြီးက နောက်ကို လှမ်းကြည့်သေးတယ်
ကြည့်ရတာ Cookyကို ရှာနေတာဖြစ်မည်။

"ဟုတ်တယ် အန်တီ။
သူအိမ်မှာTV ကြည့်ကျန်ခဲ့တယ်။ ဟင်TV..."

ထယ်ဟျောင်းလည်း တခုခုကိုသတိရဟန်နဲ့ ပြေးထွက်သွားတော့

"ဟဲ့ ကလေး... ပြန်အမ်းငွေယူဦးလေ..."
:
:
________________________😾

ထယ်ဟျောင်း banana milkဘူးတွေ အထုပ်လိုက်ကြီး ကိုကိုင်ပြီး အိမ်ကို အမြန်ပြေးလာခဲ့
သည်။
လေ့ကျင့်ခန်းလုပ်ရတာအရမ်းပျင်းတဲ့
ထယ်ဟျောင်းအတွက် အခုလို သုတ်ခြေတင်ပြေးရသည်မှာ ဟော ဟဲ ဟော ဟဲနှင့် ...
တံခါးကို ဝုန်းခနဲဆွဲဖွင့်လိုက်တဲ့အခါ
Cookyက Kombucha သောက်ပြီး
TVကြည့်နေသည်။

တံခါးကို ဝုန်းခနဲဆွဲဖွင့်လိုက်တဲ့အခါ Cookyက Kombucha သောက်ပြီးTVကြည့်နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Ester's KookV short stories Where stories live. Discover now