Daddy's Kitty 😾😾😾+10

1.2K 114 31
                                    

"..."
ကြားကြားချင်း
အခန်းတစ်ခုလုံး ချာချာလည်သွားသည်။
ထယ်ဟျောင်း ရဲ့ နှလုံးသည်းစိုင်ဟာဆူပွက်နေတဲ့ ရေနွေးအိုးအလား ပူလောင် လှိုက်ခက်လာသည်မှာ ဘယ်ဘတ်ရင်ဘတ်က အင်္ကျီစကို ကျစ်ကျစ်ဆုပ်ကိုင်ထားရသည်။

"ခု..ခုနကမိန်းကလေးမှာ ကိုယ်...ကိုယ်ဝန်ရှိနေတာ ဟုတ်...ဟုတ်လား ဂျောင်ကုကီ "
လှုပ်ခတ်နေတဲ့ အသံတုံးကို ထိန်းရင်း အတည်ပြုမေးလိုက်တဲ့အခါ
တစ်ယောက်သောသူက သူ့မျက်လုံးတွေကို ကြည့်လာသည်။

"အင်း...
ယယ်ဂျီမှာကိုယ်ဝန်ရှိနေလို့ လက်ထပ်ချင်ကြောင်း ကျွန်တော်ကိုယ်တိုင် မားတို့ကို
ထုတ်ပြောခဲ့တာတဲ့ "

ဒီစကားတွေကိုမမှိန်မသုန် မျက်တောက်မခတ်တမ်း ဘယ်လိုများပြောနိုင်ရတာလဲ မောင်ရယ်
"ဟင့်..."
ရှိုက်သံသဲ့သဲ့ထွက်သွားချိန်မှာတော့ ထယ်ဟျောင်း အသံမထွက်မိအောင် ပါးစပ်ကို အုပ်လိုက်ရသည်။ ကျဆင်းလာတဲ့ မျက်ရည်ကြည်တွေဟာ မောင့်ကို မယုံကြည်နိုင်ခြင်းကြောင့်မဟုတ်ပါ။
မောင့်ကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့်ဖြစ်သည်။
ခြေလှမ်းတွေဟာ သတိလက်လွတ်
မောင့်အခန်းထဲကနေ ပြေးထွက်လာခဲ့သည်။

အိမ်အကျယ်ကြီးထဲ ထယ်ဟျောင်းဘယ်အခန်းထဲ ဝင်လို့ အသက်ပြင်းပြင်းရှူရှိုက်ရမလဲမသိခဲ့။ စိုက်ထူထားတဲ့နိုင်ငံ ပေါင်းစုံရဲ့ အလံတိုင်တွေ အပြည့်နဲ့ အိမ်တော်ကြီး အတွင်း
အသံဖမ်းစက်တွေ ကိုယ်စီနဲ့ အစောင့်များဟာလည်း ထယ်ဟျောင်းကို ကွပ်မျက်ခံရ တော့မည့်အပြစ်သားလို စိုက်ကြည့်နေကြသည်။
တဖြေးဖြေးနဲ့ အသက်ရှူရကြပ်လာတယ်... ရင်ဘတ်တစ်ခုလုံး
လုံးချေခံထားရသလို ဆူးအောင့်လာသည်။

"အကိုလေး အဆင်ပြေရဲ့လား "
အခန်းတစ်ခန်း ဘက်ကနေ လျှောက်လှမ်းလာသူဝတ်စုံနက်နဲ့ ကောင်လေးတစ်ယောက်ကမေးလာသည်။

ထယ်ဟျောင်းကို သိပုံရတဲ့ bodyguard တစ်ယောက်ဖြစ်မည်။

"လေ...လေဝင်လေထွက်ကောင်းတဲ့ နေရာ ဘယ်...ဘယ်နားမှာရှိလဲဟင်"

ငွေ မှင်ရောင်သန်းနေတဲ့ လိုက်ကာစတွေနဲ့ premium ဆန်ဆန် ကြီးကျယ်ခမ်းနားတဲ့ အိမ်တော်ကြီးဟာ အခုချိန်ထယ်ဟျောင်းအဖို့ အကျဉ်းထောင်သဖွယ် ပိတ်လှောင်ကာဆီးထားသလိုပင်။

Ester's KookV short stories Where stories live. Discover now