Daddy's Kitty 😾😾😾+12

1.1K 110 13
                                    

ကြီးကျယ်ခမ်းနားတဲ့
Kim အိမ်တော်ကနေ ထွက်လာခဲ့သည်။
ဘဝတစ်လျှောက်အမေ့မေတ္တာလည်း ပြည့်ပြည့်ဝဝ ခံယူခဲ့ပြီးပြီ။အမေက
ဘဝကို ပျော်ပျော်ကြီးရှင်သန်နေထိုင်ဖို့ သူမလိုသလို ပုံသွင်းချင်ပေမဲ့ အဖေ့ရဲ့ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်တဲ့အတွက်
အဖေ့စိတ်တိုင်းကျနေဖို့ ကျွန်တော့်ကိုတဖွဖွဆိုဆုံးမလေ့ရှိသည်။ မနေ့ညက အဖေနဲ့ အမေ
ကျွန်တော့်ဆုံး ဖြတ်ချက်ကို  လက်ခံပြီး ဂုဏ်ပြု တဲ့ အနေနဲ့ မိသားစုdinner အသေးစား လေးလုပ်ပေးခဲ့တယ်။ အဖေနဲ့အမေထင်ထားသလို ကျောင်းပြီးလို့ဘွဲ့ရရင် ကျွန်တော် ဒီကိုပြန်လာမှာမဟုတ်တော့ ... တကယ်တော့ မိဘစကားနားထောင်တဲ့သားလိမ္မာတစ်ယောက် ဆိုတာထက် ဂျောင်ကုနဲ့ အမှတ်တရတွေအများကြီးရှိခဲ့တဲ့ ဒီမြေပေါ်မှာ အခြေမချ ချင်တော့လို့ အဝေးကို ထွက်ပြေးတဲ့ အချစ်ရူးသမားလို့ နာမည်တပ်ရင်ပိုမှန်လိမ့်မည်။
:
:

ဒီလမ်းကျဉ်းကျဉ်းလေးတွေဟာ အရင်က ဂျောင်ကုကီနဲ့ အတူတူ လက်ချင်းယှက်လို့ လျှောက်နေကျ နောက်ဖေးလမ်းကြားလေး ဖြစ်သည်။ ကျွန်တော်တို့ ရပ်ကွက်ငယ်လေးဟာ လက်လုပ်လက်စား မိသားစု တွေနဲ့ဝန်ထမ်းတွေ နေထိုင်တာများသည်။ လမ်းမကြီး ဘက်မှာတော့ စတိုးဆိုင် ပန်းဆိုင် ကော်ဖီဆို...

Ops! Esta imagem não segue as nossas directrizes de conteúdo. Para continuares a publicar, por favor, remova-a ou carrega uma imagem diferente.


ဒီလမ်းကျဉ်းကျဉ်းလေးတွေဟာ အရင်က
ဂျောင်ကုကီနဲ့ အတူတူ လက်ချင်းယှက်လို့ လျှောက်နေကျ နောက်ဖေးလမ်းကြားလေး ဖြစ်သည်။ ကျွန်တော်တို့ ရပ်ကွက်ငယ်လေးဟာ
လက်လုပ်လက်စား မိသားစု တွေနဲ့
ဝန်ထမ်းတွေ နေထိုင်တာများသည်။ လမ်းမကြီး ဘက်မှာတော့ စတိုးဆိုင် ပန်းဆိုင် ကော်ဖီဆိုင်လေးတွေ အပြည့်ဖြင့် စည်ကား သိုက်မြိုက်နေတတ်သည်။ ကျွန်တော်တို့ အိမ်လေးရှိရာ လမ်းသွယ်လေးကတော့ လမ်းအတွင်းပိုင်းကျပြီး
ဆင်ခြေလျှော လှေကားထစ် လေးတွေ 
ကနေတက်လာပြီး ဘယ်ဘက်သို့ကွေ့မှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သည်။ခင်းထားတဲ့ လမ်းရဲ့ လေးထောင့်အုတ်ချပ်လေးတွေကြားက ထိုးထောင်ပေါက်နေသည့် အစိမ်းရောင် အပင်ပေါက် မြက်နုနုလေးတွေဟာလည်း မရမက ကြိုးစား ရှင်သန်ပေါက်ရောက်နေကြသည်။
လေပြေလေညှင်း တိုးဝှေ့သွားတိုင်း မြက်နုနုလေးတွေဟာ ယိမ်းထိုးလို့ ကခုန်နေကြတယ်။  ထိုမြက်ပင်တွေလို ကျွန်တော်နဲ့ ဂျောင်ကုကီလည်း လောကဓံကို တွန်းလှန်အံတုချင်ပါရဲ့...
လှေကားထစ်တစ်လျှောက် ပန်းနုရောင် စက္ကူ ပန်းပွင့်ချက်လေးတွေ ဟာ ဧည့်ခံကြိုဆို‌ နေသည်။ လေနုအေးလေးတွေ လှုပ်ခတ်သွားတိုင်း စက္ကူပန်းရုံရဲ့ ပွင့်ချပ်လေးတွေဟာ တယှက်ယှက်နဲ့ ပွတ်တိုက်လို့
တစ်ခတ်ချင်းကြွေကျလာသည်။

Ester's KookV short stories Onde as histórias ganham vida. Descobre agora