"မဖြစ်ဘူး အခွင့်အရေးဆိုတာလိုတာထက်
ပိုယူလို့မကောင်းဘူး
Hyung ဒီမှာထပ်နေရင်
ကျွန်တော့်ဆီထပ်လာဖို့
နောက်ထပ်မသေချာဖြစ်သွားမယ်"Vလည်း နှုတ်ခမ်းလေးဆူကာ
"အင်း ဒါဆိုလည်းပြန်လိုက်ပို့ပေး""မနက်စာစားသွားဦး
ကျွန်တော် ပေါင်မုန့်ကြက်ဥလိပ်နဲ့
စတော်ဘယ်ရီကိတ်လုပ်ထားတယ်"မျက်လုံးဝိုင်းလေးနဲ့ V hyungက
"မင်းအစောကြီးထပြီး
ပြင်ဆင်ထားတာလား"
"အင်း မျက်နှာသစ်ပြီးဆင်းခဲ့"ကြက်ဥလိပ်ကို
အားရပါးရစားနေတဲ့ Hyungပေါက်စကို
ကျွန်တော့်မျက်လုံးထဲ Idolတစ်ယောက် လို့ မမြင်။ ၅နှစ်သားလေးလို့သာ မြင်နေမိသည်။"ဒီည ကျွန်တော့်ဆီပြန်လာခဲ့Hyung"
တည်ငြိမ် အေးဆေးတဲ့အသံနဲ့
Jungkookကပြောလာတော့"ဟင် ဘယ်ဖြစ်မလဲ
ပြန်သွားပြီးရင်ထွက်ဖို့မလွယ်ဘူး""ဖြစ်အောင်လုပ်ပေါ့ Hyungရဲ့ ။
Hyungက ကျွန်တော်နဲ့နေရတာ
မပျော်ဘူးလား""အဲ့လိုမဟုတ်"
V Hyungက ကြက်ဥကို
ခက်ရင်းဖြင့်ထိုးဆွရင်း"အင်း scheduleကြည့်ပြီးအားရင်"
"ည၇နာရီ Dance practiceပြီးရင်
အားတယ်လေ Hyung"Jungkookကသူ့အချိန်ဇယားတွေ
အကုန်သိနေလို့အံ့ဩရပြန်သည်။"အင်း ငါကြည့်လုပ်ပြီး လစ်ထွက်ခဲ့မယ်"
Jungkookရဲ့ နှုတ်ခမ်းပါးများ
ကော့တက်သွားပြီးအပြုံးရေးရေးလေးဖြင့်"Hyungကို စနေတာပါ
Idolတစ်ယောက်ကို
လက်လွတ်စပယ်ထွက်
လာခိုင်းစရာလားကျွန်တော်လာခေါ်မယ်
Studio ရှေ့က Toilet ထဲစောင့်နေ "မနက်စာစားပြီးနောက်
ညတုန်းကအင်္ကျီနဲ့ပင်
Jungkookအိမ်ကပြန်လာခဲ့သည်။ Jungkookက mediaတွေ
မမြင်အောင်သူ့ဂျာကင်အထပ်ထပ်
ဝတ်ပေးခဲ့ပြီး
ဦးထုပ် ဆောင်းခိုင်းသေးသည်။
YOU ARE READING
Ester's KookV short stories
Fanfiction"Real Love" is invisible to the naked eyes just like KookV's Love