London Boy ✎﹏7﹏

1.6K 132 23
                                    

🚨🚨🚨

London 's Last Day

ကိုယ်ချစ်မိသွားတဲ့လူတစ်ယောက်နဲ့ တစ်သက်လုံးလက်တွဲခွင့်မရှိဘူး အများဆုံးတစ်နှစ် အနည်းဆုံး တစ်ပတ်ပဲ ပတ်သက်ခွင့်ရှိမယ်ဆို
အတူရှိလို့ရတဲ့အချိန်ခဏလေးအတွင်းမှာ
အတူတူရှိပေးနိုင်မလား
ဒါမှမဟုတ် ခံနိုင်ရည်ရှိမှာ မဟုတ်လို့ အစကတည်းက ခေါင်းရှောင်ခဲ့မှာလား

အတွေးစတွေနဲ့ Taehyungဟာ
‌ငြိမ်နေတဲ့ရေပြင်ပေါ်က ဆပ်ပြာမြှုပ်တွေကို မှုတ်ထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို
ရေဆေးကြောလိုက်သည်။
bathrobe ကို ကိုယ်ပေါ်လွှားလိုက်ကာ လက်ချောင်းတွေက တံခါးလက်ကိုင်ဆီသို့ ...

ညှို့အားပြင်းတဲ့ မျက်လုံးဝိုင်းလေးတွေနှင့်
ကုတင်စောင်းမှာ ထိုင်ကာ ငေးကြည့်နေသူ ...

Jackson ကိုစိုက်ကြည့်ရင်း အပြုံးခပ်ရေးရေးလေးနှင့် ကောင်ငယ်လေးဟာ

တကယ်လို့များ အစကတည်းက
ခံနိုင်ရည်မရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါင်းရှောင်ခဲ့မယ်ဆို Taehyung အခုချိန် ဒီအခန်းထဲရောက်နေစရာ အကြောင်းရှိလာမှာတောင်မဟုတ်ဘူး ။
ဒီလူက ကိုယ့်ကို စွန့်ပစ်မယ့်လူမှန်းသိရက်နဲ့ရူးရူးမိုက်မိုက်ကို ချစ်မိသွားခဲ့တာ။

တံခါးပွင့်ပြီး အပြင်ထွက်လာသူ ကောင်လေးဟာ
ကြည်လင်ရှင်းသန့်နေတဲ့ မျက်နှာလေးနှင့်
Jackson ကိုရီဝေ ဝေ ကြည့်နေခဲ့သည်။
ရေစလေးတွေစိုနေတဲ့ ဆံနွယ်စတွေ ဟာ
နဖူးပြင်ထက် ဖြာကျနေသည်မှာ ပျိုမြစ်နုနယ် လှတဲ့ကောင်လေးရဲ့ မျက်နှာသွင်ပြင်ကို ခမ်းနားလှပခြင်းအပြည့် အသက်သွင်းပေးထားလေရဲ့...

ရတဲ့အချိန်လေး၊ငါးရက်အတွင်းမှာ
သူ့ကို တစ်ဘဝစာ ဖျောက်ဖျက်မရတဲ့ အမှတ်တရတွေ ပေးခဲ့ချင်တယ်  ...
ဒီည Taehyung  ရဲ့ ဝမ်းနည်းနာကျင်မှုတွေကို
မှတ်ဉာဏ်‌ထဲမှာ
သိမ်းဆည်းထားချင်မိသည်။

Jackson ကောင်လေးရဲ့ ရေတွေစိုနေတဲ့ မျက်နှာလေးကို အကြာကြီး ငေးနေမိခဲ့တယ်...
ခေါင်းပြာလေးက တဖြေးဖြေးနှင့် Jackson နား လျှောက်လှမ်းလာသည်။ ခြေလှမ်းလိုက်တိုင်းမှာ ဝတ်ထားတဲ့ bathrobeကြောင့် ကွဲနေတဲ့ပိတ်စကြားမှ ပေါင်တံလေးဟာ ထင်းလင်းနေသည်။

Ester's KookV short stories Where stories live. Discover now