Idol Became Boyfriend 💍 Final

4K 202 7
                                    

လေယာဉ်ပေါ်ကနေ ကျွန်တော့်ကို မချီပြီးဆင်းတဲ့ Jungkook

"မင်းက သိပ်ပိုတာပဲ"

"ချစ်တာပါ
Hyungနဲ့ပတ်သက်ရင် Hyung ခြေဖဝါး‌ နုနုလေးနဲ့ထိတွေ့ခွင့်ရတဲ့ မြေပြင်ကအစမနာလိုတယ်"

"ဖိနပ်ပါတာပဲကို"

"အဲ့ ဖိနပ်လည်းမုန်းတယ်"

"ဟားး ဟားးး ပိုစိ "

Hotelကိုရောက်တော့ အခန်းထဲကမြင်နေရတဲ့
"Eiffel Tower "🗼

Hotelကိုရောက်တော့ အခန်းထဲကမြင်နေရတဲ့ "Eiffel Tower "🗼

Ops! Esta imagem não segue as nossas directrizes de conteúdo. Para continuares a publicar, por favor, remova-a ou carrega uma imagem diferente.

"Oh လှလိုက်တာ "

အနောက်ကနေ ကျွန်တော့်ခါးကိုလာဖက်တွယ်ပြီး ပါးပြင်ကို နူးနူးညံ့ညံ့လေးလာနမ်းသူ

"Jungkook ဒါအိမ်မက်လား"

"ပြွတ်စ်"

နောက်ထပ်ပါးတစ်ဖက်ကိုသူ့နှာဖျားလေး နစ်ဝင်နေသည်အထိ တဖန်နမ်းပြန်သည်။

"အိမ်မက်မဟုတ်ဘူး ယုံပြီလား။Hyungရဲ့ ပါးအိအိလေးတွေကို သဘောကျတယ်။ Hyungက ဝါဂွမ်းလေးလိုပဲနူးညံ့တယ်။ "

မှန်တံခါးမှာ ထင်နေတဲ့ Jungkookရဲ့ မျက်နှာရေးရေးလေးကို ကြည့်ကာ
"မင်းက သိပ်ပြောတတ်တာပဲ"

"Hyung ခဏနေ အပြင်သွားမယ်
အခုလှဲနေဦး။ ကျွန်တော် Hyungရေချိုးဖို့ ရေနွေးသွားစပ်ဦးမယ်"

ပြောရင်း ချက်ချင်းထွက်သွားတဲ့ကျောပြင်လေး..
ဘာတွေဒီလောက်လောနေပါလိမ့်။

"Hyung ရေလာချိုးတော့"

ရေချိုးခန်းထဲဝင်တော့ အံ့ဩမင်သက်မိသည်။

"Wow နှင်းဆီပွင့်ဖက်တွေ"

ရေကိုထိကြည့်မိတော့ မနွေးတနွေးလေးနဲ့ ဆပ်ပြာရည်လေးကလည်း နှင်းဆီနံ့လေးသင်းပျံ့လို့
ဘောင်ပေါ်မှာCandle‌ လေးတစ်ခု လည်းထွန်းထားသေးသည်။
ပုခုံးနှစ်ဖက်ကိုပွတ်သပ်လျက် ဂုတ်ပိုးလေးကို ခပ်ဖွဖွဖိနမ်းလာသူကြောင့် ရင်ထဲရှိန်းတိန်းတိန်းခံစားရပြန်သည်။

Ester's KookV short stories Onde as histórias ganham vida. Descobre agora