London Boy 彡3彡

1.3K 116 13
                                    

⚠️

"သိပ်မနာ‌ တော့ဘူးထင်တယ်
မင်းအခန်းမင်းပြန်အိပ်လို့တော့ ရတယ်မလား "

အနေအထားမှာ ကောင်လေးက ကုတင်ပေါ်မှာ မှောက်လျက် လေးအိပ်နေတာ ဖြစ်ပြီး
Jackson က အင်္ကျီ နည်းနည်းလှန်တင်ပြီး ခါးကို
ကြပ်ထုပ်ထိုးပေးနေရ ပြန်သည်။
အမှန်ဆို ခါးနာပျောက်ဆေးလူးပေရမှာဆိုပေမဲ့
ဆေးဘူးမရှိတာကြောင့် အာငွေ့ပေးပြီး အဝတ်စနဲ့သာပြီးသွားရသည်။

"ပင်ပန်းနေပြီ... မထချင်တော့ဘူး "
Taehyung ပွင့်နေတဲ့ မျက်လုံးကို မသိမသာ ပြန်ပိတ်လိုက်ပြီး လေးလေးပင်ပင် ပြောလိုက်တော့

"ဟ့... ကိုယ့်အခန်းမှာ မင်းအိပ်လို့ မရဘူးနော် "

"ဒီမှာ ဟေး ဒီမှာ "
မျက်လုံးနှစ်ဖက်လုံး ဖိကျစ်ပြီး မှိတ်ထားတဲ့ကောင်လေး
မျက်မှောင်ကျုံ့ပြီး နှုတ်ခမ်းတင်းတင်းစေ့ ထားတာ Jackson မသိလျှင် ခက်မည်။

အိပ်ချင်ယောင်ဆောင်နေတဲ့လူကို နှိုးရခက်သည်တဲ့ ... မင်းက ကိုယ်နဲ့ ကစားချင်နေတာပဲ
ကောင်ကလေးရ ဒီလိုဆိုတော့လည်း

Jackson ဘေးတစောင်းလှဲပြီး
ခေါင်းပြာကောင်လေး ရဲ့ နှာတံ စင်းစင်းလေးကို
တို့ထိတော့ အနည်းငယ်ရှုံ့တွသွားသော နှာဖျာလေး ...
နှာဖျားထိပ်မှာ မှဲ့နက်နက်လေးရှိသည်။
ထို မှဲ့ လေးက ဆွဲဆောင်မှု သိပ်ရှိတယ်
မျက်နှာကနေ လည်တိုင် လည်တိုင်ကနေ ခါး
ခါးကနေ ပြန်ဖောင်းသွားတဲ့ အောက်ပိုင်း ...
စောင်းအိပ်နေတာမို့ ကောင်လေးရဲ့ bodyကောက်ကြောင်း ကအထင်းသား ပေါ်နေသည်။ ခြေကျင်းဝတ်ကနေ ခြေဖမိုးအဆုံး သိပ်ကို လှပတဲ့ အသားရည် ရယ် ကြည်လင်နေတဲ့ ခြေဖမိုးထက် သွေးကြောစိမ်းလေးတွေက ဖြာ ထွက်နေသယောင်...
အရေပြား ကြည်ကြည်လေးအောက်မှာ ပေါ်နေသည်မှာ ဂန္တဝင်မြောက်တဲ့ အလှပင်
ဒီကောင်လေးပုံ သာ magazine cover မှာဆွဲလိုက်ရရင်...

Taehyung အိပ်ချင်ယောင်ဆောင်နေ‌တာမို့
သူ့ကိုစိုက်ကြည့်နေတဲ့လူပုံစံကို ပုံဖော်ကြည့်မိတော့ ရင်ခုန်သံဟာ လှိုင်းပုတ်သံကဲ့သို့ တဟုန်ထိုး ကျယ်လောင်နေသည်။
ထိန်းမရတော့တဲ့အဆုံး
"ဘာလို့ စိုက်ကြည့်နေတာလဲ နှာဘူးပဲ မင်းက "

Ester's KookV short stories Where stories live. Discover now