နေရောင်ခြည်နွေးနွေးလေးနဲ့အတူလိုက်ကာလွင့်
သံတဖျက်ဖျက်နဲ့ အခန်းငယ်လေးထဲ
Bulletproof အဖွဲ့ဝင် Vရဲ့ ပုံလေးတွေ
နံရံထက် နေရာယူလျက်..စာအုပ်စင်ထက် စာအုပ်တွေအစား Vရဲ့
Ost Albumတွေ, DVD album တွေ
photo frame တွေသာအပြည့်
တင်ထားလျက်.....စာရေးစားပွဲ၌လည်းV ရဲ့ ploriod
photosနဲ့ schedule စာရွက်လေးတွေ
အပြည့်ဖြင့်.....V signနဲ့အတူ ရယ်မောနေတဲ့ 6' ကျော်
photo standကလည်း
ကုတင်ဘေးမှာ
မတ်တပ်ရပ်လျက်သား..."I want some good day,
good day, good day good day,
good day...
Looks like a Winterbear,
u sleep so happily "နှိုးစက်သံနားထဲ ပျံလွင့်လာလို့
ထကောက်ထိုင်လိုက်ပြီး
ကုတင်ထက်မှ
Vရဲ့ album photocardလေးကို ကိုင်ကာ
"Morning V Hyung"
ဒီနေ့ fan meeting မှာHyungနဲ့
တွေ့ရမှာမို့ ရင်ခုန် နေသည်။fan signတက်ရဖို့ ကျွန်တော် albums
များကြီးဝယ်ထားရတာမလား..
Hyungကိုတွေ့ချင်ပြီ။
မစောင့်နိုင်တော့ဘူး။camera လေးကိုစလွယ်သိုင်းကာ
maskတပ်ထားတဲ့ ကောင်လေးက
fan signထိုးပွဲသို့
အစောကြီးကြိုရောက်လို့ နေသည်။
V Hyungနဲ့အတူ အဖွဲ့ဝင်များခုံမှာ
ထိုင်လိုက်သည်နှင့်ဖင်တကြွကြွဖြစ်
လျက် ရင်ထဲမှာကဆုန်ပေါက်နေသည်။
Memberတစ် ယောက်ချင်းစီက
အဆင့်ဆင့်လက်မှတ်ယူပြီးနောက်
V Hyung ရှေ့ရောက်တော့
"နာမည်က"
"Jeon Jungkook"
maskတပ်ထားလိူ့ ဘယ်သူမှန်းမသိပေမဲ့
နာမည်ကြားတော့ပြုံးမိသည်။
YOU ARE READING
Ester's KookV short stories
Fanfiction"Real Love" is invisible to the naked eyes just like KookV's Love