Daddy's Kitty😾😾😾

2.2K 153 24
                                    


"Cosmos" ရဲ့အဓိပ္ပါယ်က "Universe"တဲ့
ထယ်ဟျောင်းက မနက်ခင်းနိုးလာတိုင်း Cosmos တွေကို ကြည့်ရင်း ပြုံး‌ နေတတ်သည်။‌အဖြူရောင်၊ ပန်းနုရောင် ပွင့်ချပ် တွေရဲ့ရိုးတံတွေကို ရေစက်ပေါက်လေးတွေ အနည်းငယ်ပက်ဖျန်းပြီး နွားနို့ပူပူလေးတစ်ခွက်ကို သောက်တတ်တာ သခင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲကတစ်ခုဖြစ်မည်။ ပန်းအိုးထဲက မြေသားအနည်းငယ်ကို လက်ချောင်းရှည်ရှည်လေးတွေနဲ့ တို့ထိဆွကြည့်ပြီး
"Cooky...ငါမရှိတုန်း နေတအားပူရင် ပန်းအိုးတွေကို ရွှေ့ထားပေးနိုင်မလား ...Cosmosတွေက ငါ့ရဲ့ Universe ပဲ သိတယ်ဟုတ်? ဒါကြောင့် မင်းကမင်း သခင်ရဲ့ပိုင်ဆိုင်မှုကိုကာကွယ်ပေးရမယ်"

ကြောင်ဖြူလေးရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်တဲ့အခါ Cookyက လူပုံစံချက်ချင်းပြောင်းသွားသည်။အရင်ကနှင့်မတူတာက ဒီတခါ Cookyက အင်္ကျီအဖြူရောင် ခပ်ပွပွ လေးနှင့် ခဲရောင်ဘောင်းဘီပွပွလေးကို ဝတ်ထားတာဖြစ်သည်။
ဂင်မ်ထယ်ဟျောင်းရဲ့အိမ်မွေးကြောင်ကအင်္ကျီတစ်ထည်တောင်မရှိတာမဖြစ်သင့်ဘူးလေ...ဒါကြောင့်လည်း Kitty Storeမှာသွားဝယ်ပြီးဆင်ထားရခြင်းဖြစ်၏။ သက်ရောက်မှုက ထိုအင်္ကျီက Cooky လူပုံစံပြောင်းသွားတာနှင့် လိုက်ဖက်ပြီး အံဝင်ခွင်ကျကွက်တိဖြစ်နေတော့၏။

"Universe...? "

"အင်း စကြာဝဠာလေ မကြားဖူးဘူးလား ?
ငါတို့အခုနေ နေတာ စကြာဝဠာအကြီးကြီးထဲမှာလေ "

"အဲ့ဒါကြီးက...အတော်ကြီးတာလား ..."

"အင်း အကြီးကြီးပဲ ...

"ဒါဆို ...
သခင့်ကို အဲ့ ယူနီ... ယူနီဗာ့စ် ကြီးလောက်ချစ်တယ်"

ပန်းနုရောင် နှုတ်ခမ်းချွန်ချွန်လေးတွေက "ယူနီဗာ့စ် "တဲ့ တလုံးချင်းကို သွားကြားလေးတွေထဲက ဖြေးဖြေးချင်း ဖိပြောနေသည်။ စိုအိအိ နှုတ်ခမ်းပါးလေးတွေကို အနီးကပ်မြင်ရချိန်
ထယ်ဟျောင်းတံတွေးမြိုချမိသွားသည်။
Cookyက Cosmos ပန်းလေးတစ်ပွင့်ကိုခူးလိုက်ပြီး ထယ်ဟျောင်းရဲ့နားရွက်ကြားလေးထဲတင်ပေးလိုက်သည်။ နားရွက်ဖျားထိပ်မှာ ဝဲကျနေတဲ့ ဆံနွယ်ရှည်ရှည်လေးတွေကိုလည်း နားနောက်သို့ သက်တင်ပေးလိုက်သည်။
ထိုခဏ... Cookyရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီက
ထယ်ဟျောင်းရဲ့ ရင်ခုန်နှုန်းကို အဆမတန်မြန်ဆန်စေသည်။ ဒုတ်...ဒုတ်...ဒုတ်...
မီးရထားပြေးဆွဲနေတဲ့ ရထားသံလမ်းကဲ့သို့ ထယ်ဟျောင်းရဲ့ နှလုံးသားတစ်ခုလုံး ဖြတ်မောင်းခံလိုက်ရသလို ခန္ဓာကိုယ်ရှိသေးကြောတွေမှာ တောင့်တင်းသွားသည့်အလား ပတ်ဝန်းကျင်လေထုနှင့်အတူ ဖြန်းခနဲ ဖြန်းခနဲ အေးစက်သွားသည်။

Ester's KookV short stories Where stories live. Discover now