London Boy ≋2≋

1.5K 124 17
                                    

🚨ဒီ2ယောက်က နောက်ပိုင်းကြမ်းမည်နော်
2ယောက်စလုံး character က မသိတဲ့လူဆို
မထင်ရတဲ့ပုံစံလေးတွေမို့ စစချင်း3ပိုင်းနဲနဲ ငြိမ့်ငြိမ့်လေးပဲ 2ယောက်တွေ့ရင်တော့ ဓာတ်လိုက်ပြီးဇတွေ ပေါ်လာတဲ့ ပုံစံမျိုးပါ
ကြိုပြောထားတာ ဖတ်ချင်မှ ဖတ်ပါနော်

Day2

"ဟယ်လို ... အိုကေ အိုကေ ကိုယ်သိပြီ"

"ကျစ်...အခုထိမထသေးဘူး "

ကုတင်ပေါ်မှာ ဖရိုဖရဲအိပ်နေတဲ့ကောင်လေးက
နိုးမလိုလိုနဲ့ "အင့်ခနဲ"ဖြစ်သွားပြီး တစ်ဖက်ကို လှည့်သွားသည်။ စောင်ပုံကြီးကို ခွလိုက်‌ တော့ ကာကီရောင်ဘောင်းဘီ အောက်က တင်ပါးနှစ်လုံးက ဖုဖောင်းပြီး ထင်းထွက်လို့ နေတယ်...
အဲ့နေရာကို အကြည့်ရောက်သွားမိတဲ့ ကိုယ့်မျက်လုံးကိုယ် အရှိန်သတ်လိုက်ရ၏ ...

Leo ရဲ့မျက်နှာ မြင်ယောင်လာတာကြောင့်
ထိုကောင်လေး ထံမှ အမြန် အကြည့်လွှဲရသည်။

Jackson မျက်နှာသစ်ဖို့ရေချိုးခန်းထဲဝင်လာလိုက်သည်။ အဝတ်အစားတွေလဲပြီးနောက်
ပိတုံးရောင်ဆံနွယ်တွေကိုဖြီးလိမ်းသက်တင်ရင်း မှန်ထဲက ကိုယ့်ရဲ့ တည်ကြည် ခန့်ညားနေတဲ့ပုံရိပ်ကြောင့် နှုတ်ခမ်းပါးလေးတွန့်ကွေးသွားမိသည်။

Taehyung မျက်လုံးထဲ လူတစ်ယောက်က အနက်ရောင်ဝတ်ထားပြီး လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ မကြည်မလင် မျက်လုံးအိမ်ထဲကနေ တဖြေးဖြေး ဝေးကွာသွားတဲ့ ကျောပြင်... အခန်းထဲက ထွက်သွားတဲ့လူ

အိပ်ချင်မူးတူး မို့ မျက်လုံး နှစ်ဖက်ကိုလက်တစ်ဖက်နဲ့ ဖွဖွလေး ပွတ်ပြီး ထထိုင်လိုက်တဲ့အခါ ခေါင်းအလယ်မှာ အပြာရောင်ဆံနွယ်ပျော့ပျော့လေးတစ်စုဟာ အလယ်မှာထိုးထောင်လို့ နေသည်

" အားးး နာလိုက်တာ အား"
အိပ်ရာပေါ်က ထရန် ပြင်လိုက်မှ လက်ကို တစ်စုံတစ်ခုကဆွဲငင်ထားတာမို့ လှုပ်လိုက်တော့
လက်ကောက်ဝတ်ဟာ စူးခနဲ

"ဟင်...ငါ့ကို ဘယ်သူ့ဖမ်းထားတာလဲ "

လက်မှာ ပတ်ထားသည့် သားရေကြိုး ကွင်းအနက်ရောင်က လုံးပတ်ထူပြီး အမွှေးစစူးစူးလေးတွေဟာတင်းတင်းရင်းရင်း ဖြင့်...
ပတ်ထားတဲ့ ကြိုးတိုတို‌ လေးရဲ့အဆုံးက ငွေရောင်လက်ထိပ်ဖြင့်ကုတင်တိုင်လုံးမှာသွယ်ချိတ်ခတ်ခံထားရ၏
လက်တစ်ဖက်တည်းနှင့် လက်ကောက်ဝတ်က ကြိုးကို ဖြည်တော့လည်းမရ ... ကြိုးကအမာသားကိုမှ အထပ်ထပ်ပတ်ပြီး အသေချည်ထားသလို မို့ Taehyung ဆွဲ ဖြည်လိုက်တိုင်း ပိုကြပ်သွားပြီး ကြိုးစကလက်ထိပ်နှင့်ပိုနီးလာသည်။
ဒါကြောင့် လက်ထိပ်ကို ဖြည်ဖို့ သော့ရှာမှ ပိုမြန်မည်မို့

Ester's KookV short stories Where stories live. Discover now