Daddy's Kitty 😾😾😾+6

1.3K 103 20
                                    

ထယ်ဟျောင်း ငွေရှင်းနေတုန်း ပြေးထွက်သွားတဲ့ Cookyကို မြင်လိုက်ရသည်။
အထုပ်ဆွဲပြီး Cooky ပြေးထွက်သွားရာနောက် ပြေးလိုက်ခဲ့သည်။

"ကျေးဇူးပြု၍...ငါ့ကို ... ထားမသွားပါနဲ့ "

စိတ်ထဲမှာလည်းအကြိမ်ကြိမ် ရေရွတ်ရင်း
သူ့ခြေလှမ်းတွေပါ ရပ်တန့်သွားရသည်မှာ ခပ်လှမ်းလှမ်း တစ်နေရာ
လမ်းမထက် ထိုင်ချလိုက်သူကြောင့်ပင်
ထယ်ဟျောင်းရဲ့ အညိုရောင်ကွင်းထိုး slipperလေးမှာ တစ်ဖက်က
ဘယ်နားမှာကျွတ်ကျန်ခဲ့လဲမသိ...
ခြေအိတ်ဝတ်ရတာမကြိုက်တဲ့ ထယ်ဟျောင်းရဲ့ ခြေဖဝါးနုနုဖက်ဖက်လေးဟာ ဆောင်းညရဲ့ လမ်းမထက် အေးလွန်းလို့ နီရဲတွတ်နေသည်။
ရုတ်တရက်နှင်းတွေကျလာခဲ့သည်။ ဒီနှစ်ရဲ့
ပထမဆုံးနှင်းကျခြင်းပင် ... အဖြူရောင် နှင်းပွင့်လေးတွေရွာကျလာတာဟာ ဆံနွယ်တွေပေါ်တွဲလွဲခိုလို့ ... နှင်းပွင့်လွှာတွေဟာ လမ်းမထက် တဖြိုးဖြိုးဖြိုင်ကျနေသည်မှာ ရဲရဲနီနေတဲ့ ခြေဖမိုးလေးဟာ ကုပ်လို့ တလှမ်းချင်း တလှမ်းချင်း ကျောပေးပြီးထိုင်နေသူဆီချဉ်းကပ်သွားရသည်။

"Cooky..."

အနောက်ကနေ လှမ်းခေါ်လိုက်တဲ့အခါ လှည့်ကြည့်လာတဲ့ မျက်ဝန်းတွေ
နွေးထွေးကြင်နာမှုအပေါင်းခညောင်းတဲ့
ဒီမျက်ဆံလေးတွေဟာ နှင်းစက်တွေနှင့်အတူတူ အေးစက်စက်... မျက်လုံးထောင့်တွေဟာ မဟူရာလို နီမြန်းလို့ နှာ ခေါင်းလုံးလုံးလေးဟာ
အေးလွန်းလို့ နီရဲနေတာလား... သေချာအောင်ငုံ့လျှိုးကြည့်လိုက်တော့ ပါးပြင်ထက်မှာ ခြောက်ကပ်စပြုနေတဲ့ မျက်ရည်တွေ ...
ဒူးထောက်ထိုင်နေတဲ့ ကျွန်တော့်ဘဝရဲ့
မရှိမဖြစ်လေး
ထယ်ဟျောင်း ရင်ထဲစို့နင့်တက်လာပြီး ငိုချင်လာသည်။ သိပ်နှစ်သက်ရတဲ့ မျက်လုံးဝိုင်းလေးတွေ ခုလို မျက်ရည်တွေရစ်ဝဲနေအောင် ဘယ်အရာက လုပ်ရဲရတာလဲ ... Cookyကို ဖက်ပြီးရင်ခွင်ထဲဆွဲထည့်လိုက်သည်။ နှင်းစက်တွေအောက် Cookyရဲ့ ကိုယ်လေးဟာ တသိမ့်သိမ့်တုန်နေသည်။

"နွေးတယ်..."
ရင်ခွင်ထဲကနေ မျက်ရည်စတွေနှင့် မော့ကြည့်လာသူ

"ဟင်..."

"ထယ်ဟျောင်း... မင်းကို မြင်နေရရင်
မောင့်ရင်ထဲနွေးသွားစေတယ်
မင်းအကြောင်းတွေးရုံနဲ့တင် မောင့်နှလုံးသားတစ်ခုလုံးက ဆောင်းဉီးရဲ့မီးလင်းဖိုလိုပဲ"

Ester's KookV short stories Where stories live. Discover now