Daddy's Kitty 16 😾Final

1.8K 126 58
                                    

ပတ်ဝန်းကျင် တစ်ခုလုံးကိုမေ့မေ့ဖျောက် ဖျောက်လမ်းမထက် မတ်တပ်ရပ်နေသူမှာ ဆောက်တည်ရာမရ သတိလက်လွတ်ဖြစ်နေခဲ့တယ်

ကမ္ဘာမြေကြီး တစ်ခုလုံး ချာချာ လည်နေသလို
မြင်ကွင်းရှေ့ရှိ အရာ အားလုံးဟာ လည်နေတယ်
ထယ်ဟျောင်း သိပ်မြတ်နိုးတဲ့
ကမ္ဘာငယ်လေးဟာ
ပျက်စီးသွားခဲ့ချေပြီ။
:
:

၃၅နှစ်အရွယ် အသက်ခပ်လတ်လတ်
လူတစ်ယောက်ဘေး၌
ဝင်းမွတ်နေသော ရွှေဝါရောင်အသားရောင် နှင့် ဂျင်း အနွေထည်ကိုခါးစည်းထားတဲ့
လူငယ်ကောင်လေး ရပ်နေခဲ့သည်။

"ဒီအတိုင်းပဲ ကြည့်နေတော့မို့လား "

အနက်ရောင် လက်ပြတ် အင်္ကျီ နှင့် ဒူးလောက်ရှိတဲ့ အနက်ရောင်ဘောင်းဘီတိုပေါ်မှာ ဂျင်းအနွေထည်ကို ခါးစည်းထားတဲ့ လူငယ်ဆန်ဆန်
ကောင်ငယ်လေးက ပြောလိုက်တဲ့အခါ

ဘေးနားက ယောင်္ကျားပျိုရဲ့
ထူထူထဲထဲ မည်းနက်နက်မျက်ခုံးတန်းနှစ်ဖက်ဟာ နဖူးအလယ်၌ ကြုံ့ဝင်သွားသည်။

"ဒါသူရွေးချယ်တဲ့ လမ်းပဲလေ...
ဒီလိုတွေဖြစ်လာမှာ ငါကြိုမပြောခဲ့လို့လား"

ပြတ်သားတိကျတဲ့အသံ ခပ်အေးအေး...
ဖြူဖွေးကြည်လင်နေတဲ့ အသားရောင်နှင့်
နဖူးပြင်ကျဉ်းကျဉ်းပေါ်ရှိ ဆံပင်တွေကို ဖြီးလိမ်းသပ်တင်ထားသည့် Long Coat အနက်နဲ့လူ ဟာ
အလဲလဲ အပြိုပြို ဖြစ်နေတဲ့ ထယ်ဟျောင်းကို အထပ်မြင့် တိုက်တာပေါ်ကနေ
ရပ်ကြည့်နေတယ်။

ထို ယောင်္ကျားသားနှစ်ယောက်လုံးဟာ
သေမင်းနတ်ဘုရားထံ တာဝန်ထမ်းဆောင်နေသူတွေလို့ မည်သူမျှ ထင်ကြမည်မဟုတ်။
ခံ့ညားသောရုပ်ရည်သွင်ပြင် အရပ်အမောင်းနှင့်
အသံဩဇာပြင်းပြင်းကို ပိုင်ဆိုင်ထားကြတယ်။
နှစ်ယောက်စလုံး ရဲ့ပုံစံကသာမန်ကြည့်ရင်တော့လူချမ်းသာအသိုင်းအဝိုင်းက တူဝရီး ပုံစံအသွင်‌ ဆောင်တယ်။ မြင်သူအမျိုးသမီးတိုင်း ကြွေဆင်းရလောက်တဲ့ အနေအထားနှင့် ထို
ယောင်္ကျားနှစ်‌ယောက်ဟာ လက်ရှိ
အသက်အရ နှစ်၁၀၀၀ကျော်နေပြီဖြစ်ပြီး
လူသားယောင်ဆောင်ထားသည့် နတ်သူငယ်တွေဖြစ်၏။
ဒါကိုတော့ ထယ်ဟျောင်းကလွဲ၍ဘယ်လူသားမှ မသိခဲ့ ...

Ester's KookV short stories Where stories live. Discover now