Parallel Diary 🚸 2

1.8K 138 30
                                    

"ဟင်းး" "အင်းး...ကျွတ်..ကျွတ်"

တိတ်ဆိတ်နေတဲ့ သက်‌တော်စောင့်
အခန်းတန်းလျားအတွင်း
Taehyung အိပ်မောကျနေတာကို ဘေးကနေ
Bodyguards ကဝိုင်းအုံကြည့်နေကြသည်။
Maid dress လေးနဲ့ Taehyung ဟာ ကြမ်းပြင်ပေါ်က အိပ်ရာခင်းထက် အပူအပင်မရှိအိပ်ပျော်လို့နေ၏

"ဘာရပ်လုပ်နေကြတာလဲ "

ဩဇာငြိမ့်ညောင်းတဲ့ အသံပြေပြေဟာ အနောက်မှပေါ်ထွက်လာတာနဲ့ အားလုံးဟာ တန်းစီရပ်ကြ၏။

" သခင်...
ဟိုအစေခံကောင်လေး... "

ကိုယ်တောင်အပြင်သွားစရာရှိလို့ ဝတ်စုံပြည့်ဝတ်ပြီးလို့ဆင်းလာပြီ ဒင်းကအိပ်နေတုန်း
ညကသူ ရိုက်တာများသွားလို့ သတိလစ်သွားတာသိပေမဲ့လို့ ဒီအိမ်မှာနေရင် စည်းကမ်းကစည်းကမ်းပဲလေ

သခင်ကြီးရဲ့ ခြေလှမ်းတွေဟာ စားပွဲခုံ ပေါ်မှာတင်ထားသည့် ရေသန့်ဘူးကြီးတစ်ဘူး ဆီသို့
ရေသန့်ဘူးကိုလှမ်းယူလိုက်ပြီး အဖုံးကိုဖွင့်လိုက်တယ်
Smith နဲ့ Ciro တို့တစ်ဖွဲ့လုံးမှာလည်း ဘာများလုပ်မို့လဲ ဆိုတဲ့အကြည့်တွေနှင့် မဝံ့မရဲ ကြည့်နေကြသည်။

ရေတွေကို အစေခံကောင်လေးရဲ့ မျက်နှာတည့်တည့် နှာခေါင်းပေါ်လောင်းချလိုက်၏

"အဟွန်းးး အဟွတ် အဟွတ် "

Taehyung အသက်ရှူလမ်းကြောင်းထဲရေဝင်လာတာမို့ နှာခေါင်းထဲမှာစပ်သွားရသည်။ နှုတ်ခမ်း လေး နှစ်လွှာမှ မဟတဟ‌ လေးလေရှူရင်း
ဖွင့်မိခါမှ ပါးစပ်ထဲပါရေတွေဝင်လာတာမို့
ထထိုင်လိုက်တော့

"ဟက်ချိုးးးး"
ချေမိခါမှ
အာခေါင်ပါခြောက်ကပ်ကပ်နှင့် ဖြစ်သွားရသည်။

သခင်...သခင်က သူ့ကို ရပ်ကြည့် နေပြီး
ခေါင်းပေါ်ကနေ ရေတွေလောင်းချနေတာ...

‌စီးကျလာတဲ့ရေတွေကြောင့် Taehyung ရဲ့ maid dress အဖြူအနက်စပ်ကြားပိုးဂါဝန်လေးဟာ ရေတွေစိုရွှဲကုန်၏။ အပေါ်ပိုင်းကအဖြူဇာလေးတွေပါသည်မို့ ရေရွှဲရွှဲစိုကုန်ရာ အတွင်းသားတွေကို မြင်နေရတော့

သခင်ကြီးဂျွန်က အနောက်က Bodyguards ကိုလှည့်ကြည့်လိုက်တဲ့အခါ ကြောင်တောင်တောင် မျက်လုံး တွေနှင့် ဆုံမိခိုက်

You've reached the end of published parts.

⏰ Last updated: May 29, 2023 ⏰

Add this story to your Library to get notified about new parts!

Ester's KookV short stories Where stories live. Discover now