London Boy ⊰1⊱

2.3K 137 14
                                    

⚠️

2007, Day1
Londonလေဆိပ်တစ်နေရာ

Terminal 3ကို ဖြတ်ပြီးတာနဲ့ luggage ကိုဆွဲလို့ နေကာမျက်မှန် အနက်နှင့်
စတိုင်ကျကျ လျှောက်လာတဲ့ Jackson... သူငယ်ချင်းကြီး Leo ဆီက ဖုန်းဝင်လာတာနဲ့

"ကိုယ်ရောက်နေပြီ "

"ဝိုးးးးး......... ဝါးး... အားးးးးးး မိုက်တယ်"

ဘေးနားက တဝူးဝူး တဝါးဝါးအော်နေတဲ့ နိုင်ငံခြားသားကောင်လေး
‌Jeon Jackson တစ်ယောက် တချက် ကြည့်လိုက်ရင်း နှာခေါင်းလုံးလုံးလေးက အနည်းငယ်ရှုံ့လိုက်တယ်

"ဟယ်လို...Leo မင်း ဘာပြောလိုက်တာလဲ
ကိုယ်မကြားလိုက်လို့ "

" လန်ဒန်မြို့ကြီးရေ ရေး ရေး လှလိုက်တာ
ဟျောင့် Jimin ဒီမှာ အရမ်းအေးတယ်ကွာ
ငါပြမယ် ဟား ဟား "

Taehyung MP4 camera သေးသေးလေးကို လှည့်လိုက်ပြီး လေဆိပ်ရှေ့ရှိ လမ်းမထက် ဆီးနှင်းခဲ အဖြူတွေကို ရိုက်လိုက်တယ် ခေါင်းကလည်း စောင်းလို့ ခေါက်ဖုန်းသေးသေးလေးကို ခေါင်းနဲ့ပုခုံးကြားညှပ်ကာ ဖုန်းပြောနေသည်။ အားမရတာနဲ့ ပလက်ဖောင်းမှာ ခဏထိုင်ပြီး
Portable Computerအသေးလေးကို ဖွင့်ပြီး VZOနဲ့ချိတ်လိုက်တယ်

( ခုခေတ်ဆို Laptop ပေါ့ ဒါပေမဲ့ 2023 laptopလို မပါးပါဘူးနော် )

(VZOဆိုတာ Facebook မပေါ်ခင်က သုံးတဲ့ appပါ အခုခေတ်လို မတိုးတက်သေးတော့ ခပ်ညံ့ညံ့ camera ရုပ်ထွက်နဲ့ မျက်နှာ ပြူးပြူးကြီးပဲ မြင်ရတာပါ ဘောင်သေးသေးလေးဖြစ်လို့ Taehyung လုပ်ပြသမျှက Jimin မြင်နေရသည်မှာ ပြူးပြဲနေပါတယ်)
(MP4 ,MP3 Nokia ခေါက်ဖုန်းခေတ်ပါ)
*အဲ့ချိန်
Seoul က London လောက်မတိုးတက်သေးလို့
Taehyung က ဇာတ်အိမ်ထဲ အရာရာဟာသူ့အတွက်ထူးဆန်းနေရခြင်းပါ *

"ဟားးးး ငါအနွေးထည်တွေ မယူခဲ့ဘူး
သေပြီဆရာပဲ ဂစ် ဂစ် "

Taehyung ခုန်ဆွခုန်ဆွနှင့် မျက်လုံးဟာလည်း မျက်ဖြူကြီးလန်ပြလို့ အေးလွန်းလို့
သူဂိပြီပေါ့ အမူအရာလုပ်ပြနေတာကြောင့်
Jimin အော်ရယ်ရင်း

"မင်းကလည်းကွာ London ရောက်ပြီး
တောသားကျနေတာပဲ
ရှက်စရာကြီး"
ထိုအပြုအမူတစ်ခုချင်းစီကို ဂျီမင်က ကြည့်ရင်း ဖုန်းထဲကနေ တခ်ခ် ရီနေတော့တာ

Ester's KookV short stories Where stories live. Discover now