London Boy ♧ 9 ♧

1.6K 115 16
                                    

"Taehyung... ငါ့ကလေးလေး"

Jimin တစ်ယောက် Taehyungပြန်လာရင် အိပ်ဖို့ အိပ်ရာခင်းကို ကိုယ်တိုင်လဲပေးရင်း Taehyung ဖက်နေကျ ကျားရုပ်ခေါင်းအုံး လေးကို ဖက်ပြီး

"မင်းကငါတစ်ယောက်တည်းအတွက်မွေးဖွားလာတာ"

"Oppaဘာလုပ်နေတာလဲ အိုမားခေါ်နေတယ်"

Park Jieun ကတော့ အစ်ကိုဖြစ်သူကို တွန့်ချိုးနေတဲ့ မျက်ခုံးတန်းများဖြင့် မေးငေါ့ပြောလိုက်တာနဲ့
မကြည်မသာ မျက်နှာထားနှင့် အစ်ကိုဖြစ်သူက
ခေါင်းအုံးကိုဘေးချကာ

"Omm သွားလိုက်မယ် "

အစ်ကို ဖြစ်သူ မျက်နှာမကောင်းတာကို သတိထားမိပေမဲ့

"Taehyungက ဒီနေ့ပဲ ပြန်လာမှာပဲကို
ဒီညီမချောချောလေး ခရီးထွက်ရင်တစ်ခါမှ လွမ်းတယ် မပြောဖူးဘူး Kim Taehyungကျမှ ပဲ ခုနစ်ရက် ခုနစ်လီ မစားနိုင်မသောက်နိုင်လွမ်းဖျားလွမ်းနာ ကျနေတာ တစ်ကယ်တည်းမှပဲ Park Jimin, Park Jimin မပြောချင်ဘူး "

JiEunမှာ မှန်ထဲက သူ့မျက်နှာလှလှလေး ကို ကြည့်ရင်း တတွတ်တွတ်ရေရွတ်နေတော့သည်။
တစ်လက်စတည်း မှန်တင်ခုံပေါ်က
Taehyungနဲ့ သူတို့ အမြွှာ နှစ်ယောက်ပုံ ကို ကြည့်မိရင်း ရယ်သွေးသွမ်းမိပြန်သည်။

ဓာတ်ပုံဘောင်ထဲမှာ အထက်တန်းကျောင်းသား uniformဝတ်စုံတွေနဲ့ လူငယ်လေး ၃ယောက် ပေါ့...Park JiEunနဲ့Park Jimin ဆိုတဲ့ အမြွှာ မောင်နှမကြားက Taehyungie ကတော့ ပန်းစည်းလေးကိုင်ပြီး
လေးထောင့်ဆန်ဆန်ချစ်စရာအပြုံးလေးဖြင့် ...

"နင်နဲ့ငါ လက်ထပ်ပြီးရင် အိမ်ခွဲနေရအောင် Taehyungရယ် ...Oppa နဲ့ သာဆို နင်နဲ့ငါလွတ်လွတ်လပ်လပ်နေရမှာ မဟုတ်ဘူး ...
ရားးးးး Park Jimin ငါးမိနစ်လေးစောမွေးလာတာနဲ့ပဲ အစ်ကိုဆိုပြီး အမြဲအလျှော့ပေးနေရတယ်။ တော်သေးတယ် အမြွှာက ယောင်္ကျားလေးမို့ပဲ ညီမနဲ့အပြိုင် ညီမ
သတို့သားလောင်းကို လုနေတယ် ဟွန့်"

***************************** 🎡

"ဪ...သားကို ခေါ်လိုက်တာ ဘာရယ်မဟုတ် ကိတ်အပြင်အဆင် အဆင်ပြေမပြေ အကြံဉာဏ်လိုချင်လို့ သားကTaehyungieနဲ့ အမြဲအနေနီးနေတော့ အန်တီ့ထက် သားသားဘာကြိုက်တတ်လဲ ဘာတွေစားတတ်လဲ ပိုသိမှာပေါ့နော့ ။..."

Ester's KookV short stories Where stories live. Discover now