London Boy ↫ 5 ↬

1.7K 124 40
                                    

🚨🚨🚨

***************************** 🎡

"ပြွတ်စ်"
Leo Jackson ရဲ့ပေါင်ပေါ်မှာထိုင်လျက်သားနှင့် အပေါ်နှုတ်ခမ်းကို စုပ်ယူလိုက်တယ်

Jackson က
မတားမြစ်သလို လက်မခံတဲ့အခြေအနေလည်း
မဟုတ်တာမို့ ပါးလျလျ နှုတ်ခမ်းသားလေးကို လက်ချောင်းလေးနဲ့ ဖိကပ်ပြီး စုပ်မိနေတော့တာ

ဒီအခြေအနေ ဘာဆက်ဖြစ်မလဲဆိုတာ
သူရော Jackson ရော သိပြီးသားတွေပဲလေ
၇နှစ်ပြည့်တဲ့နေ့မှာ ဘယ်သူမှ မရှိတဲ့ အိမ်ကြီးထဲ
ချစ်သူနှစ်ယောက် ကုတင်ထက်မှာ ဘာလုပ်မယ်လို့ထင်လဲ ပြောနေစရာမလိုတော့

Leoက သူချည်း နမ်းနေရတာ
အားမရတာနဲ့ Jackson ရဲ့ အင်္ကျီ ကော်လံထဲ လက်ကို လျှိုသွင်းလိုက်ပြီး လည်ပင်းကို ကိုင်လို့
ဖိကပ်နမ်းသည်။

နှုတ်ခမ်းပါးပါးလေးတွေကို
အပေါ်တလှည့် အောက်တလှည့်စုပ်ယူ ပြီး
ဝင်ခွင့်တောင်းနေပေမဲ့ လျှာက အခုထိ
အမိန့်မရသေး...
ရေခဲလူသားနှင့် နမ်းနေရသလို Jackson က ‌လက်ဖျားတွေအေးစက်နေပြီး သူ့ကျောပြင်ကို ကိုင်ထားတဲ့ နေရာက တချက်ကလေးမှ မရွေ့

Leo စိတ်သိပ်မရွှင်ပေမဲ့ အတတ်နိုင်ဆုံး ပျက်ယွင်းသွားတဲ့မျက်နှာကိုထိန်းလိုက်တယ်

Jackson မှာလည်း အတွေးကမ္ဘာထဲ
ချာလည်လည်

ဒါမဟုတ်သေးဘူးလေ Jackson မင်းအခု ရှိနေတာ မင်းချစ်သူနဲ့၊ ဒါကမှ မင်းချစ်သူအစစ်
သူ့ကို အဆက်ဖြတ်ပစ်ဖို့က
ဘယ်လိုလုပ်ဖြစ်နိုင်မလဲ
ကုန်ဆုံးခဲ့တဲ့ အချိန်တွေ နှမြောဖို့ကောင်းတယ်

Jackson ခေါင်းကို ခါယမ်းလိုက်ပြီး Leoရဲ့ ခါးကို ဆွဲကိုင်ပြီး အိပ်ရာပေါ် လှဲချလိုက်တယ်
မျက်ကပ်မှန်အစိမ်းလေးတပ်ထားတဲ့
ကောင်လေးက Jackson ရဲ့ အနမ်းတွေကို ငံ့လင့်နေတယ် အနီးကပ်မြင်နေရသည်မို့ Leo စိတ်လှုပ်ရှားနေတာ မျက်လုံးတွေကအထင်းသား

ရွှေဝါရောင်ဆံနွယ် ကောက်ကောက်လေးတွေ ပလူပျံနေတဲ့ လူဖြူကောင်လေးက အိပ်ရာထက်
နူးနူးညံ့ညံ့ လေးလဲ လျောင်းနေသည်မှာ
အရင်စိတ်နဲ့ဆို ဆွဲရမ်းချစ်ပစ်ချင်စရာအတိ

Ester's KookV short stories Where stories live. Discover now