Psycho Darling "G"

2.6K 200 12
                                    


" ငါတစ်ယောက်တည်းနေချင်တယ် Jungkook
အိမ်ရောက်မှတွေ့မယ်"

လက်ကို အတင်းခါရမ်းပြီး လွှတ်ချလိုက်တဲ့အခါ
"ကျုပ်တစ်ယောက်လုံးမင်းအနားရှိနေတာကို
ဘာကိုတစ်ယောက်တည်း နေချင်တာလဲ
Kim Taehyung ကျုပ်နဲ့ အိမ်ပြန်လိုက်ခဲ့ "

Jungkook က public areaမှာ လူအများကြည့်နေတာ ဂရုမစိုက်ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အထိ ဆွဲခေါ်သည်။

Taehyung သက်ပြင်းတစ်ချက်ချလိုက်မိသည်။
လက်မောင်းကိုဆွဲကိုင်ထားသော Jungkookရဲ့လက်ကို ဖြုတ်ချလိုက်ပြီး

"အချစ်ဆိုတာ တစ်ယောက်က တစ်ယောက်ကို ချစ်နေရုံနဲ့မပြီးဘူး အချင်းချင်းယုံကြည်နားလည်မှု ရှိရမယ် Jeon Jungkookရဲ့။
ကိုယ်ချစ်တဲ့ လူတစ်ယောက်ရဲ့ဘဝကို အကျဉ်းချထားတာကလေ အချစ်မဟုတ်ဘူး
အဲ့ဒါအတ္တကြီးတာ "

"အတ္တ... ခင်ဗျား ဘာတွေပြောနေတာလဲ ...ကျုပ်သိတာ‌တော့ ကျုပ်ခင်ဗျားကိုသိပ် ချစ်တယ်။ ချစ်လွန်းလို့ ကျုပ်ကလွဲပြီး ဘယ်ပုရိသကိုမှ ခင်ဗျားရဲ့အ ပြုံး တွေကိုမမြင်ချင်ဘူး ။
ခင်ဗျားက ကျုပ်ရဲ့အကျဉ်းသားပဲ အဲ့ဒါ
သေတဖန်သက်တဆုံးပြောင်းလဲမသွားဘူး"

Taehyung မျက်ဝန်းတို့မှ မျက်ရည်စလေးများ တစ်စ တစ်စ ပါးပြင်ထက်လျှံကျလာသည်။ နီရဲနေသော နှာတံလေးမှာလည်း ထင်းနေပြီး မထူမပါးနှုတ်ခမ်းလေးဟာ တုန်ယင်လို့

"အရူးကောင် "
ထိုနေရာက ထွက်လာခဲ့သည်။ အရှက်ကင်းမဲ့တဲ့ချစ်သူကတော့ လမ်းမထက် လှောင်ရယ်ပြီးကျန်ခဲ့သည်။Jungkookနဲ့ ခုချိန် ညှိနှိုင်းဆွေးနွေးဖို့ ဘယ်လို မှမဖြစ်နိုင်။ ဒီလိုနဲ့ ကျွန်တော်ချစ်ရတဲ့သူနဲ့ ဝေးကွာရတော့မှာလား ။
ဘာလို့များချစ်လျက်သားနဲ့ ကျွန်တော်တို့နှစ် ယောက်ကြား တံတိုင်းတွေကာရံထားသလို
စည်းခြားနေရတာလဲ
:
:
:__________________________⚕️

ကျောင်းက Toilet ခန်းထဲမှာ အချိန်အတော်ကြာစီးကရက် ငွေ့တွေကို ရှိုက်ထုတ်နေတဲ့ Jungkook

"Arrrr...ဘယ်အကောင်က ကျောင်းမှာဆေးလိပ်သောက်နေတာလဲ ..."

Jungkook ရှိရာ အိမ်သာအခန်းကို ကြည့်လိုက်ပြီး နောက် စကားစမြည်ပြောရင်း
လက်ဆေးနေတဲ့ ဆရာ နှစ်ယောက်...

Ester's KookV short stories Where stories live. Discover now