"ယောင်္ကျား
ထယ်ဟျောင်းကို ကျွန်မတို့
ဘယ်လိုဆက်လုပ်ကြမလဲ
ကျွန်မသားလေး ... သားလေး ရယ် မာမီ့သားလေး""ဆရာ ကျွန်တော့်သားလေး သတိပြန်မရနိုင်တော့ဘူးလား "
ဆေးရုံအခန်းလေးထဲ၌
ထယ်ဟျောင်းရဲ့လက်ကိုကိုင်ပြီး ငိုနေတဲ့မိန်းမ
တစ်ယောက်ရယ်
ဆရာဝန်ကို မေးနေပေမဲ့ တစ်ပတ်ကျော်ပြီ
အဖြေ ရှာ မရတာကြောင့်
စိတ်ပူနေတဲ့
ယောင်္ကျားကြီးတစ်ယောက်ရယ်ဆရာဝန်ကြီးမှာတော့
"ဆရာKimရယ် ထယ်ဟျောင်းကို
တစ်ကိုယ်လုံးဓာတ်မှန်ရိုက်တော့လည်း ထူးဆန်းတာဆိုလို့ ဘာတစ်ခုမှမတွေ့ဘူး။ ကျွန်တော်တို့ ဆရာဝန်တွေလည်း အစည်းအဝေးမှာ အကုန်ဆွေးနွေးခဲ့တယ်။ လူတစ်ယောက်က တစ်ပတ်ကျော်လောက်မေ့မြောနေတယ်ဆိုတာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေနှေးလို့ပဲဖြစ်ဖြစ် ဦးနှောက်သေသွားမှပဲ ဒါမျိုး Caseဖြစ်တာ။
အခုဟာက
ဆရာ့သားက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသလိုပဲ"ထယ်ဟျောင်းမပီမပြင် ဝိုးတဝါးအသံတွေ ကြောင့် မျက်လုံး ဖြေးဖြေးချင်းဖွင့် ကြည့်လိုက်တော့ မျက်နှာကျက်ဖြူဖြူကြီးကို ခပ်ဝါးဝါးမြင်လိုက်ရသည်။ မှိတ်ထားတာ ကြာပြီဖြစ်လို့ မျက်လုံးဖွင့်ရသည်မှာအတော်လေး အားယူလိုက်ရတယ်
"ဟင်...သားလေးနိုးလာပြီ"
ထယ်ဟျောင်း အမေ ရုတ်တရက်ထ ပြီး အော်ပြောသံကြားတော့ တံခါးဝနားက ဆရာဝန်ရော
အဖေဖြစ်သူပါ ပြေးလာကြသည်။"မေမေ... သားဘယ်ရောက်နေတာလဲ"
"သားဆေးရုံရောက်နေတာလေ မမှတ်မိဘူးလား"
"ဗျာ... Cookyရော မေမေ။ သားချစ်သူရော"
"ဘယ်က Cookyလဲ သား"
အဖေကစိုးရိမ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာသည်။
"ခဏလေးနော် "
ဆရာဝန်က ထယ်ဟျောင်းရဲ့ မျက်လုံးတွေကို မီးနဲ့ထိုးကြည့်ပြီး ပါးစပ်ဟခိုင်းသည်။ ကျောကိုပါ နားကြပ်နဲ့ နားထောင်ပြီး
"အကုန်ကောင်းပါတယ် "
"ဆရာ ကျွန်မသားလေး အတိတ်တွေ ဘာတွေများ မေ့သွားတာလားဟင်"
YOU ARE READING
Ester's KookV short stories
Fanfiction"Real Love" is invisible to the naked eyes just like KookV's Love